ခ်စ္လွစြာေသာပရိသတ္ႀကီးေရ မိုးစက္ကေတာ့ ခုလိုကာလေတြမွာ သူကိုယ္တိုင္ရွာေဖြထားတဲ့ ေခၽြးႏွဲစာ အျပင္(၇)ရက္သားသမီး အလႉရွင္ေတြနဲ႔ စုေပါင္းၿပီး အခက္အခဲ ျဖစ္ေနသူေတြကို စာနာစိတ္ျဖင့္ လိုက္လံ ကူညီေနတာမို႔ အမ်ားက ေလးစားေနရတာပါ ။ ဒါ့အျပင္ အႏုပညာ အသိုင္းအဝိုင္းထဲက ခက္ခဲေနတဲ့ သက္ႀကီးပိုင္းေတြကိုလည္း ကူညီ ေထာက္ပံ့ေပးလ်က္ရွိပါတယ္… ။

အခုလည္း အရြယ္ေလးနဲ႔မလိုက္ေအာင္ ေရာဂါ ေဝဒနာ ခံစားေနရရွာတဲ့ ကေလးငယ္ေလးရဲ့ အျဖစ္ကို စိတ္မေကာင္းစြာ ေျပာျပရင္း ကူညီမႈေတြ ေပးခဲ့ပါတယ္ ။ ကေလးရဲ့ မိဘေတြကလည္း ခ်ိဳ႕တဲ့တာေၾကာင့္ စားဝတ္ေနေရးအတြက္ အေတာ္ေလး ရွာေဖြ ႐ုန္းကန္ေနရတယ္လို႔လည္း သိရပါတယ္…. ။

မိုးစက္ လည္းကိုယ္ခ်င္းစာနာစိတ္ျဖင့္ ကူညီမႈေတြေပးျဖစ္ခဲ့ပုံကို “သားေရ …ေဒးစြန္ပါ သာသနာ့နယ္ေျမနားမွာပိုလီယိုေဝဒနာ ခံစားေနရတဲ့ (၅)သမီးေလးကို မိဘေတြက ေန႔စဥ္ေျမကၽြင္းေလးထဲမွာထည့္ထားရတာ သားရယ္…သား ကူညီလို႔ရရင္ ကူညီေပးလိုက္ပါဦး….” ဒီလိုလွမ္းေျပာတာက ေဒးစြန္ပါမွာ အရင္ရက္က ေရာက္ခဲ့တဲ့ ကၽြန္ေတာ့္ဦးေလး ဦးကံပြင့္ပါ…။ကေလးပုံေလးေတြ ေတြ႕လိုက္ေတာ့ ရင္ထဲမွာ ဒိန္းခနဲေတာင္ ျဖစ္သြားရတယ္။ သနားျခင္း ၊စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ေပါ့ဗ်ာ။ ဒီေန႔ (21.11.2021) မနက္ေစာေစာမွာ ဆရာဦးသၽွန္ထြဏ္း ၊ ဦးကံပြင့္ နဲ႔ ကၽြန္ေတာ္နဲ႔ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ ကေလးကို ေျမကၽြင္းထဲ ထည့္ထားရတာက ေျမဓာတ္ေပးၾကည့္တာပါတဲ့။ ဘယ္လိုျဖစ္ျဖစ္ပါ ကေလးမိဘေတြက ပဲခူးတိုင္း ဖဒို ဘက္က ေတာရြာေလးကေန ဒီမွာရွိတဲ့ ညီမ အိမ္မွာ လတ္တေလာလာေရာက္ေနထိုင္ေနရၿပီး ၊ သူတို႔သမီးေလး ျပန္ေကာင္းဖို႔ ေမၽွာ္လင့္ေနရွာပါတယ္။သို႔ေသာ္လည္း…စားဝတ္ေနေရးေတာင္ခက္ခဲေနတဲ့အတြက္ ကေလး အတြက္ ေထာက္ပံ့ေပးဖို႔ ကၽြန္ေတာ္တို႔ တကူးတက သြားေရာက္ခဲ့တာပါ။ ကၽြန္ေတာ္နဲ႔အလႉရွင္မ်ားက တစ္သိန္းက်ပ္။ ဆရာဦးသၽွန္ထြဏ္း(ျမန္မာစာ) ငါးေသာင္းက်ပ္။ ဦးကံပြင့္ ….ႏွစ္ေသာင္းက်ပ္။ စုစုေပါင္း ၁၇၀၀၀၀ က်ပ္ကို ကေလးမိဘေတြကို လတ္တေလာအသုံးစားရိတ္အျဖစ္ေပးခဲ့ပါတယ္ ” ေရးသားထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ …။

Credit – Cele Zone
Photo – Moe Sat

ချစ်လှစွာသောပရိသတ်ကြီးရေ မိုးစက်ကတော့ ခုလိုကာလတွေမှာ သူကိုယ်တိုင်ရှာဖွေထားတဲ့ ချွေးနှဲစာ အပြင်(၇)ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းပြီး အခက်အခဲ ဖြစ်နေသူတွေကို စာနာစိတ်ဖြင့် လိုက်လံ ကူညီနေတာမို့ အများက လေးစားနေရတာပါ ။ ဒါ့အပြင် အနုပညာ အသိုင်းအဝိုင်းထဲက ခက်ခဲနေတဲ့ သက်ကြီးပိုင်းတွေကိုလည်း ကူညီ ထောက်ပံ့ပေးလျက်ရှိပါတယ်… ။

အခုလည်း အရွယ်လေးနဲ့မလိုက်အောင် ရောဂါ ဝေဒနာ ခံစားနေရရှာတဲ့ ကလေးငယ်လေးရဲ့ အဖြစ်ကို စိတ်မကောင်းစွာ ပြောပြရင်း ကူညီမှုတွေ ပေးခဲ့ပါတယ် ။ ကလေးရဲ့ မိဘတွေကလည်း ချို့တဲ့တာကြောင့် စားဝတ်နေရေးအတွက် အတော်လေး ရှာဖွေ ရုန်းကန်နေရတယ်လို့လည်း သိရပါတယ်…. ။

မိုးစက် လည်းကိုယ်ချင်းစာနာစိတ်ဖြင့် ကူညီမှုတွေပေးဖြစ်ခဲ့ပုံကို “သားရေ …ဒေးစွန်ပါ သာသနာ့နယ်မြေနားမှာပိုလီယိုဝေဒနာ ခံစားနေရတဲ့ (၅)သမီးလေးကို မိဘတွေက နေ့စဉ်မြေကျွင်းလေးထဲမှာထည့်ထားရတာ သားရယ်…သား ကူညီလို့ရရင် ကူညီပေးလိုက်ပါဦး….” ဒီလိုလှမ်းပြောတာက ဒေးစွန်ပါမှာ အရင်ရက်က ရောက်ခဲ့တဲ့ ကျွန်တော့်ဦးလေး ဦးကံပွင့်ပါ…။ကလေးပုံလေးတွေ တွေ့လိုက်တော့ ရင်ထဲမှာ ဒိန်းခနဲတောင် ဖြစ်သွားရတယ်။ သနားခြင်း ၊စိတ်မကောင်းခြင်းများစွာနဲ့ပေါ့ဗျာ။ ဒီနေ့ (21.11.2021) မနက်စောစောမှာ ဆရာဦးသျှန်ထွဏ်း ၊ ဦးကံပွင့် နဲ့ ကျွန်တော်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကလေးကို မြေကျွင်းထဲ ထည့်ထားရတာက မြေဓာတ်ပေးကြည့်တာပါတဲ့။ ဘယ်လိုဖြစ်ဖြစ်ပါ ကလေးမိဘတွေက ပဲခူးတိုင်း ဖဒို ဘက်က တောရွာလေးကနေ ဒီမှာရှိတဲ့ ညီမ အိမ်မှာ လတ်တလောလာရောက်နေထိုင်နေရပြီး ၊ သူတို့သမီးလေး ပြန်ကောင်းဖို့ မျှော်လင့်နေရှာပါတယ်။သို့သော်လည်း…စားဝတ်နေရေးတောင်ခက်ခဲနေတဲ့အတွက် ကလေး အတွက် ထောက်ပံ့ပေးဖို့ ကျွန်တော်တို့ တကူးတက သွားရောက်ခဲ့တာပါ။ ကျွန်တော်နဲ့အလှူရှင်များက တစ်သိန်းကျပ်။ ဆရာဦးသျှန်ထွဏ်း(မြန်မာစာ) ငါးသောင်းကျပ်။ ဦးကံပွင့် ….နှစ်သောင်းကျပ်။ စုစုပေါင်း ၁၇၀၀၀၀ ကျပ်ကို ကလေးမိဘတွေကို လတ်တလောအသုံးစားရိတ်အဖြစ်ပေးခဲ့ပါတယ် ” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် …။

Credit – Cele Zone
Photo – Moe Sat