


Credit– Cele Zone
Photo – Khine Hnin Wai

ချစ်လှစွာသောပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေတာဖြစ်ပါတယ်။ရင်ခွင်ပိုက်အရွယ်လေးတွေနဲ့ မိဘရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ ကလေးတွေကိုလည်း နွေးထွေးစွာထွေးပွေ့ပေးထားသူ တစ်ယောက်ပါ… ။

ခိုင်နှင်းဝေ ရဲ့ ရင်သွေးလေးများဂေဟာကတော့ ချစ်စရာသားသားမီးမီးလေးတွေရှိလို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ဝေယျာဝစ္စ တွေပါမက ကျန်းမာရေး ကိစ္စတွေကိုလည်း သူကိုယ် သေသေချာချာ ဂရုတစိုက်နဲ့ ပြုစု စောင့်ရှောက်ပေးနေတာကလည်း တကယ်လေးစားစရာပါပဲ…. ။

ကလေးတွေ ကလည်းတစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ရှိကြလို့ ခိုင်နှင်းဝေ ကပီတိဖြစ်နေရတာပါ ။ အခုလည်း ဝန်ထမ်း အခန်းထဲ ဝင်မွှေနှောက်ကာ ဆော့ကစားနေတဲ့ ကလေးတွေကို ကြည့်ပြီး သဘောတွေကျကာ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ် ။ ပုံလေးတွေ ကြည့်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပြနါလည်ဖော်ပြပေးလိုက်ပါတယ်…. ။

Credit– Cele Zone
Photo – Khine Hnin Wai