


Credit – Cele Zone
Photo – Baby Maung

ချစ်လှစွာသော ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူကတော့ ဘေဘီမောင် ပဲဖြစ်ပါတယ် ။ ပိုပြီး လေးစားစရာ ကောင်းတာကတော့ အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း ပရဟိတ အလုပ်တွေကို တတ်နိုင်သလောက် လုပ်ကိုင်ကာ အလှူအတန်းတွေကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်…။

ဒါ့အပြင် ဘေဘီမောင် ကချစ်ရတဲ့ ချစ်သူလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခရီးလမ်းလေးကို အတူလျှောက် လှမ်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးကလည်း ပွင့်ပွင့်လင်းလင်းနဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ သူတို့ အတွဲလေးကို အားကျနေကြတာပါ… ။

အခုလည်း ချစ်ခင်ပွန်းနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေနဲ့အတူ ချစ်စကားလေးတွေ ရေးသားဝေမျှလာပါတယ် ။ ” ကိုယ်ကသာအလုပ်တွေလုပ်ပြီးမအားဖြစ်နေပေမယ့် နှလုံးသားလေးက မောင့်ကိုလွမ်းနေပါတယ်လို့အကြိမ်ကြိမ်ပြောနေတယ် မောင်ရယ် မောင့်ဇနီး မောင့်ကိုလွမ်းနေပါတယ် မြန်မြန်ပြန်လာခဲ့ပါ❤️” ရေးသားထားရာ ချစ်စရာကောင်း လွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် …။

Credit – Cele Zone
Photo – Baby Maung