ခ်စ္လွစြာေသာပရိသတ္ႀကီးေရ အႏုပညာညီအစ္မႏွစ္ေယာက္ျဖစ္တဲ့ ေဘဘီေမာင္နဲ႔ သံစဥ္ေမာင္က က်ရာေနရာမွာ တာဝန္ေတြကို ထမ္းေဆာင္ေနၾကတဲ့ သူေတြျဖစ္ပါတယ္။ စိတ္တူကိုယ္တူ ဝါသနာတူတဲ့ ေဘဘီေမာင္ နဲ႔ သံစဥ္ေမာင္က ညီအစ္မအရင္းေတြဆိုေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ သူငယ္ခ်င္းေတြလိုပဲ ေပါင္းသင္းဆက္ဆံၾကသူေတြ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းတဲ့ ေဘဘီေမာင္နဲ႔ သံစဥ္ေမာင္တို႔ ညီအစ္မႏွစ္ေယာက္စလုံးကို အားေပးၾကပါတယ္။ မၾကာေသးခင္ကာလေတြမွာေတာ့ သံစဥ္ေမာင္နဲ႔ ေနေဒြး ၾကားမွာ ျဖစ္ခဲ့တဲ့ေကာလဟာ လေတြေၾကာင့္ ေဝဖန္မႈေတြ႐ွိခဲ့ပါေသးတယ္. …

သူမတို႔ကို ခ်စ္ၾကတဲ့ ပရိသတ္ေတြရဲ႕အားေပးမႈနဲ႔ ရပ္တည္ေနခဲ့တာေၾကာင့္ ခုဆိုရင္ေပ်ာ္႐ြင္ေနၿပီျဖစ္ပါတယ္ေနာ္..သံစဥ္ေမာင္ကေတာ့ အစ္မျဖစ္သူ ေဘဘီေမာင္နဲ႔အတူ အိမ္ကကိုယ္ပိုင္စီးပြားေရးကိုဘဲ ဝိုင္းကူၿပီးလုပ္ေပးေနသူ ျဖစ္ပါတယ္။မၾကာေသးခင္ကလည္း သံစဥ္ေမာင္ ရဲ႕ Instagram story တြင္ ဝမ္းနည္းစရာ သတင္းေလးတစ္ခု တင္ေပးလာတာျဖစ္ပါတယ္။ဒါကေတာ့ သူမနဲ႔ တရားစခန္းမွာ အတူဆုံဖူးတဲ့ ကိုရင္ေလးတစ္ပါး ကိုယ့္ကိုကိုယ္ အဆုံးစီရင္သြားတဲ့အတြက္ ေျပာမျပတတ္ေအာင္ နာက်င္ခံစားေနရတာ ျဖစ္ပါတယ္…။

ကြယ္လြန္သြားတဲ့ ေကာင္ေလးနဲ႔ ေျပာခဲ့တဲ့အမွတ္တရေလးေတြကိုလည္း ေဝမွ်ေပးထားတာ ျဖစ္ပါတယ္။” ဘာလို႔မ်ား ကိုယ့္ကိုကိုယ္သတ္ေသတဲ့လမ္းကိုမွ ေ႐ြးသြားတာလဲ သုသုေလးရယ္” ၊ ” ကိုရင္ထြက္ေတာ့ အိမ္မွာဆယ္ရက္ေလာက္လာေနၿပီး စာေလးေရးၿပီးထားခဲ့တယ္ မက္ဆင္ဂ်ာကေနလည္း တစ္အိမ္လုံးကို ကန္ေတာ့ခဲ့ပါတယ္တဲ့ ဒါေနာက္ဆုံး ႏႈတ္ဆက္သြားတာလား ေမာင္ေလးရယ္” ဆိုၿပီး ဝမ္းနည္းစြာျဖင့္ ေရးသားထားတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေတြလည္း ဝမ္းနည္းေနတဲ့ သံစဥ္ေမာင္ကို အားေပး စကားေလး ေရးေပးခဲ့ၾကပါအုံးေနာ္…

Source: Than Sin Mg
Credit ; Cele World

ချစ်လှစွာသောပရိသတ်ကြီးရေ အနုပညာညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်နဲ့ သံစဉ်မောင်က ကျရာနေရာမှာ တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ သူတွေဖြစ်ပါတယ်။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ ဘေဘီမောင် နဲ့ သံစဉ်မောင်က ညီအစ်မအရင်းတွေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေလိုပဲ ပေါင်းသင်းဆက်ဆံကြသူတွေ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ ညီအစ်မနှစ်ယောက်စလုံးကို အားပေးကြပါတယ်။ မကြာသေးခင်ကာလတွေမှာတော့ သံစဉ်မောင်နဲ့ နေဒွေး ကြားမှာ ဖြစ်ခဲ့တဲ့ကောလဟာ လတွေကြောင့် ဝေဖန်မှုတွေရှိခဲ့ပါသေးတယ်. …

သူမတို့ကို ချစ်ကြတဲ့ ပရိသတ်တွေရဲ့အားပေးမှုနဲ့ ရပ်တည်နေခဲ့တာကြောင့် ခုဆိုရင်ပျော်ရွင်နေပြီဖြစ်ပါတယ်နော်..သံစဉ်မောင်ကတော့ အစ်မဖြစ်သူ ဘေဘီမောင်နဲ့အတူ အိမ်ကကိုယ်ပိုင်စီးပွားရေးကိုဘဲ ဝိုင်းကူပြီးလုပ်ပေးနေသူ ဖြစ်ပါတယ်။မကြာသေးခင်ကလည်း သံစဉ်မောင် ရဲ့ Instagram story တွင် ဝမ်းနည်းစရာ သတင်းလေးတစ်ခု တင်ပေးလာတာဖြစ်ပါတယ်။ဒါကတော့ သူမနဲ့ တရားစခန်းမှာ အတူဆုံဖူးတဲ့ ကိုရင်လေးတစ်ပါး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့အတွက် ပြောမပြတတ်အောင် နာကျင်ခံစားနေရတာ ဖြစ်ပါတယ်…။

ကွယ်လွန်သွားတဲ့ ကောင်လေးနဲ့ ပြောခဲ့တဲ့အမှတ်တရလေးတွေကိုလည်း ဝေမျှပေးထားတာ ဖြစ်ပါတယ်။” ဘာလို့များ ကိုယ့်ကိုကိုယ်သတ်သေတဲ့လမ်းကိုမှ ရွေးသွားတာလဲ သုသုလေးရယ်” ၊ ” ကိုရင်ထွက်တော့ အိမ်မှာဆယ်ရက်လောက်လာနေပြီး စာလေးရေးပြီးထားခဲ့တယ် မက်ဆင်ဂျာကနေလည်း တစ်အိမ်လုံးကို ကန်တော့ခဲ့ပါတယ်တဲ့ ဒါနောက်ဆုံး နှုတ်ဆက်သွားတာလား မောင်လေးရယ်” ဆိုပြီး ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလည်း ဝမ်းနည်းနေတဲ့ သံစဉ်မောင်ကို အားပေး စကားလေး ရေးပေးခဲ့ကြပါအုံးနော်…

Source: Than Sin Mg
Credit ; Cele World