


credit– Cele Zone

Photo – Khine Hnin Wai

ချစ်လှစွာသောပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ မိဘမဲ့ ဂေဟာလေးကို တည်ထောင်ထားပြီး အခြေအနေတွေ အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးတွေကို တရားဝင်ခေါ်ယူ မွေးစားစောင့်ရှောက်ပေးနေတာပါ ။ သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် …။

ကလေးတွေကိုလည်း အတတ်နိုင်ဆုံး အချိန်ပေးကာကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေ ရဲ့ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။ ကလေးတွေကလည်း သူမကိုမေတ္တာရှိလို့ အမြဲလိုလို မခွာနိုင်အောင် ကပ်ချွဲနေကြတာပါယယယ ။

ကလေးတွေရဲ့ ချစ်စရာ အမူအကျင့်လေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်း အာကြီး တစ်ယောက် သူ့အတွက် အင်္ကျီအသစ်လေးတွေရလို့ ပျော်နေရှာတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ အာကြီး တစ်ယောက် ဖြူစင်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီး အတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ် ….။

credit – Cele Zone

Photo – Khine Hnin Wai