


Credit– Cele Zone
Photo – Kyaw Phyo Tun

ချစဟ်လှစွာသောပရိသတ်ကြီးရေ Rapအဆိုတော် အာဘွိုင်း ကတော့မင်းသမီးချောလေး မြတ်ရတနာကျော် နဲ့အတူ သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားသူပဲ ဖြစ်ပါတယ်။ ချစ်ဇနီးလေးရဲ့ အိမ်မှုကိစ္စနိုင်နင်းမှုနဲ့ ပြုစုယုယမှုတွေကြောင့် အမြဲ စိတ်ချမ်းသာနေရတဲ့ အာဘွိုင်းကိုယောကျာ်းလေးပရိသတ်တွေကပါ အားကျရတာလည်း ဖြစ်ပါတယ်…။

အဆိုတော်အာဘွိုင်း ကလည်း ချစ်ဇနီးချောလေးအတွက် ခင်ပွန်းကောင်းအဖြစ် ဘေးမှာမားမားမတ်မတ်ရပ်တည်ပေးပြီး လက်တွဲခိုင်မြဲကြတာကိုလည်း တွေ့ရပါတယ်။ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ သမီးနဲ့သားလေးကလည်း ဖေဖေ မေမေတို့ရဲ့ အချောအလှအပတွေကို အကုန်စုစည်းပြီး ရရှိထားပါသေးတယ်နော်…။

သမီးလေးScarlett လေးကလည်း သူ့မောင်လေးကို အရမ်းချစ်လို့ ဖေဖေရော မေမေရောကပါ ပီတိဖြစ်နေရတာပါ ။ အခုလည်း ချစ်မောင်လေးကို မျက်စိအောက်ကနေ တစ်ဖွားမှ မခွာနိုင်အောင် အရိပ်တကြည့်ကြည့်နဲ့ အချစ်ပိုနေတဲ့ သမီးလေးရဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ချစ်ပရိသတ်ကြီးလည်း Scarlett တို့ မောင်နှမ နှစ်ယောက်ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ် ….။

Credit– Cele Zone
Photo – Kyaw Phyo Tun