


Source – Htoo Khant Kyaw
credit

ချစ်လှစွာသောပရိသတ်ကြီးရေ ထူးခန့်ကျော်ကတော့ လက်ရှိမှာသူတတ်မြောက်တဲ့ ပညာနဲ့ ဝေဒနာခံစားနေရတဲ့လူတွေကို ခံစားရတဲ့ဝေဒနာတွေပျောက်ကင်းသက်သာအောင် ကူညီဆောင်ရွက်ကုသပေးနေခဲ့တာ ပရိသတ်တွေသိရှိပြီးတဲ့အတိုင်းပါပဲ။ မနေ့ညကလည်း ပရိသတ်တွေရဲ့အချစ်တော် ဦးကျော်ထူး ရဲ့ခံစားနေရတဲ့ဝေဒနာတွေကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ကြောင်း ပီတိဖြစ်စွာတဲ့ ထူးခန့်ကျော် ကအခုလိုပဲမျှဝေလာခဲ့ပါတယ်…။

“အမျိုးများအားလုံးမင်္ဂလာညချမ်းလေးပါနော် အခုမှပဲ(၇)ရက်သားသမီးများအား ပါရမီဖြည့်ကုသမှု့ပြီးလို့POSTတင်လိုက်ရခြင်းပါနော် အမျိုးများအားလုံးကိုတဦးတယောက်မကျန်ဂါဝပြုလိုက်ပါတယ်နော်။အခုလည်းရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ဟာသမင်းသားကြီး ကိုကျော်ထူး ခံစားနေရသော ဘယ်လိုမှဦးခေါင်းလှည့်မရ ငုံ့မရ မော့၍ပင်မရသောဝေဒနာအားပါရမီဖြည့်ကုသပေးခဲ့ရာ ပုံပါအတိုင်းသူအရမ်းပျော်ရွှင်သွားခဲ့လေသည် ဖြစ်ခါစစက်ရုပ်တရုပ်လို တောင့်တောင့်ကြီးဖြစ်နေပြီးစကားတောင်သေချာပြန်မပြောနိုင်အောင်ဖြစ်နေတဲ့ ကိုကျော်ထူး တယောက် အခုတော့အဲ့ဒီဝဋ်ဒုက္ခဘေးမှလွတ်ကင်းသွားခဲ့လို့ အင်မတန်ဝမ်းသာပီတိဖြစ်ခဲ့ရလေသည်”ဆိုပြီး မျှဝေခဲ့တာပါ…။

ဦးကျော်ထူး ကိုဆေးကုသပေးပြီး အမှတ်တရအနေနဲက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ပုံလေးကိုလည်း စာလေးနဲ့ အတူ ဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ဦးကျော်ထူးကတော့ ဝေဒနာတွေသက်သာသွားတဲ့အတွက် ပုံထဲမှာ ပြုံရွှင်လို့နေတော့တာပါပဲ…။

Source – Htoo Khant Kyaw
credit