ခ်စ္လွစြာေသာပရိသတ္ႀကီးေရ အကယ္ဒမီသ႐ုပ္ေဆာင္ ထက္ထက္မိုးဦး ကေတာ့ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို ဆယ္စုႏွစ္ေတာ္ေတာ္ၾကာၾကာကို အျပည့္အဝရရွိထားတဲ့ ထိပ္တန္း မင္းသမီးေခ်ာတစ္ေယာက္ပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ ထက္ထက္ ကေတာ့ အႏုပညာအလုပ္ေတြနဲ႔အတူ Live Sale ေရာင္းခ်ေပးတဲ့ အလုပ္ေတြကိ လုပ္ကိုင္ေနခဲ့ပါတယ္…။

ထက္ထက္ ကေတာ့ သူ႔ရဲ့အႏုပညာေၾကးေတြကို အျမဲလိုလို လိုအပ္ေနတဲ့ေနရာေတြ ခက္ခဲေနတဲ့သူေတြအတြက္ လႉဒါန္းမႈေတြျပဳလုပ္ေနခဲ့ၿပီး အလႉအတန္းရက္ေရာလြန္းလွသူပါ။ ဒီေန႔မွာလည္း သူရဲ့ အႏုပညာေၾကးေခၽြးနည္းစားေတြနဲ႔ သံဃာေတာ္ေတြကို သကၤန္းကပ္ ဆြမ္းကပ္အလႉေလးနဲ႔ ဝတၳဳေငြေတြ လႉဒါန္းတဲ့ အလႉေလးကို ျပဳလုပ္ခဲ့ပါေသးတယ္။ ထက္ထက္ကေတာ့ သူ႔ရဲ့အလႉေလးကို “အခက္အခဲအမ်ိဳးမ်ိဳးၾကားထဲက အသက္ရွင္သန္ခြင့္ရေနတာဟာ ျပဳရဦးမယ့္ ကုသိုလ္ေကာင္းမႈေတြ က်န္ေနေသးတယ္လို႔ ပဲလို႔ထက္ကေတာ့ ယူဆပါတယ္…။

ေလာကဓံရဲ့ ဝဋ္ေႂကြးေတြၾကား ကုသိုလ္ေတြအမ်ားႀကီးထပ္ျပဳဦးမယ္။ ၇ ရက္သားသမီးအားလုံးအတြက္ ကုသိုလ္ေတြ အျမဲျပဳေပး ေမတၱာေတြ အျမဲပို႔ေပးေနပါတယ္။”ဆိုၿပီး သူျပဳလုပ္တဲ့အလႉေလးက သူကိုခ်စ္ၾကတဲ့သူေတြအားလုံးရဲ့ အလႉေလးမို႔ သာဓုေခၚပါလို႔ သူရဲ့ အလႉေလးရဲ့ အဖို႔ဘာဂေတြကို ေဝမၽွထားပါေသးတယ္ ပရိသတ္ႀကီေရ…။

Source – Htet Htet Moe Oo
Credit ; CeleZone

ချစ်လှစွာသောပရိသတ်ကြီးရေ အကယ်ဒမီသရုပ်ဆောင် ထက်ထက်မိုးဦး ကတော့ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဆယ်စုနှစ်တော်တော်ကြာကြာကို အပြည့်အဝရရှိထားတဲ့ ထိပ်တန်း မင်းသမီးချောတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ထက်ထက် ကတော့ အနုပညာအလုပ်တွေနဲ့အတူ Live Sale ရောင်းချပေးတဲ့ အလုပ်တွေကိ လုပ်ကိုင်နေခဲ့ပါတယ်…။

ထက်ထက် ကတော့ သူ့ရဲ့အနုပညာကြေးတွေကို အမြဲလိုလို လိုအပ်နေတဲ့နေရာတွေ ခက်ခဲနေတဲ့သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေခဲ့ပြီး အလှူအတန်းရက်ရောလွန်းလှသူပါ။ ဒီနေ့မှာလည်း သူရဲ့ အနုပညာကြေးချွေးနည်းစားတွေနဲ့ သံဃာတော်တွေကို သင်္ကန်းကပ် ဆွမ်းကပ်အလှူလေးနဲ့ ဝတ္ထုငွေတွေ လှူဒါန်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့ပါသေးတယ်။ ထက်ထက်ကတော့ သူ့ရဲ့အလှူလေးကို “အခက်အခဲအမျိုးမျိုးကြားထဲက အသက်ရှင်သန်ခွင့်ရနေတာဟာ ပြုရဦးမယ့် ကုသိုလ်ကောင်းမှုတွေ ကျန်နေသေးတယ်လို့ ပဲလို့ထက်ကတော့ ယူဆပါတယ်…။

လောကဓံရဲ့ ဝဋ်ကြွေးတွေကြား ကုသိုလ်တွေအများကြီးထပ်ပြုဦးမယ်။ ၇ ရက်သားသမီးအားလုံးအတွက် ကုသိုလ်တွေ အမြဲပြုပေး မေတ္တာတွေ အမြဲပို့ပေးနေပါတယ်။”ဆိုပြီး သူပြုလုပ်တဲ့အလှူလေးက သူကိုချစ်ကြတဲ့သူတွေအားလုံးရဲ့ အလှူလေးမို့ သာဓုခေါ်ပါလို့ သူရဲ့ အလှူလေးရဲ့ အဖို့ဘာဂတွေကို ဝေမျှထားပါသေးတယ် ပရိသတ်ကြီရေ…။

Source – Htet Htet Moe Oo
Credit ; CeleZone