


Source – Khine Hnin Wai
Credit

ချစ်လှစွာသောပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ ကတော့အကူအညီလိုအပ်နေတဲ့ သူတွေကို အမြဲလိုလို ကူညီပေးလေ့ရှိတာပရိသတ်တွေလည်းအသိပါနော်။ မည်သူကိုမဆို ဘယ်လိုအကူအညီပဲဖြစ်ဖြစ် သူတတ်နိုင်တာဆို ချက်ချင်းကူညီပေးတဲ့အထိကို စိတ်ရင်းစေတနာအပြည့်နဲ့ကို လှူဒါန်းပေးလေ့ရှိပါတယ်….။

အမြဲလိုလိုကူညီပေးနေတဲ့အထဲမှာ ခြေတုလိုအပ်နေတဲ့သူတွေအတွက်လည်း ခြေတုတွေလှူဒါန်းပေးနေခဲ့ပြီး သူကိုယ်တိုင်ပါ ခြေတုစက်ရုံတည်ထောင်တဲ့အထိ စီစဉ်ကာလှူဒါန်းပေးနေခဲ့တာပါ။ ဒီနေ့မှာလည်း ခိုင်နှင်းဝေ ကခြေတုလိုအပ်နေသူများကို ဆက်လက် တပ်ဆင်ကုသိုလ်ယူနေခဲ့ပြီး အကြမ်းတပ်ဆင် လမ်းလျှောက်လေ့ကျင့်နေတဲ့ ပုံလေးတွေကို ခုနှစ်ရက် သားသမီး အလှူရှင်များ ကုသိုလ်ပွားများ ပီတိဖြစ် စေရန် သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပေးပါတယ်…။

ပရိသတ်ကြီးရေ ခိုင်နှင်းဝေ ကတော့အခုလိုကူညီထောက်ပံ့မှုကြောင့် အဆင်ပြေပြေဖြစ်သွားတဲ့သူတွေရဲ့ အပြုံးတွေကို ကြည့်ပြီး သူကိုယ်တိုင်ကလည်း ပီတိဖြစ်နေခဲ့သလို အလှူရှင်တွေနဲ့ (၇)ရက်သားသမီးအားလုံး ပီတိဖြစ်ကာ သာဓုခေါ်ဆိုနိုင်ကြပါစေလို့ ရည်ရွယ်ကာ ကုသိုလ်တွေကို မျှဝေထားခဲ့တာပဲဖြစ်ပါတယ်…။

Source – Khine Hnin Wai
Credit