


Source – Baby Maung

Credit

ချစ်လှစွာသောပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မော်ဒယ်လ် မင်းသမီးချောလေး ဘေဘီမောင် ကတော့ စိတ်ရင်းစေတနာကောင်းလှပြီး အလှူအတန်းတွေကို ရက်ရောစွာလှူဒါန်းတတ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ပရိသတ်တွေက အချစ်ပိုရလောက်တဲ့အထိကိုလည်း ဘေဘီမောင် ကတော့အခါအခွင့်သင့်ရင်သင့်သလိုအမြဲတမ်းလှူဒါန်းနေခဲ့ပြီး အလှူမလုပ်တဲ့ရက်ကမရှိသလောက်ပါပဲ…။

အမြဲတမ်းလိုလို အလှူရေစက်လက်နဲ့မကွာလှူဒါန်းနေတဲ့ ဘေဘီမောင် ကတော့ဒီနေ့မှာလည်း သူ့ရဲ့မိသားစုတွေနဲ့ ကြုံတောင့်ကြုံခဲ ကာလဒါနအလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါသေးတယ်။ အလှူလေးကတော့ နွားဦးတိုက် ဆရာတော်ဘုရားကြီးနဲ့ ရေစက်ပါလို့ကြုံဆုံခိုက်မှာ ဆရာတော်ရဲ့ သာသနာပြုလုပ်ငန်းတွေလုပ်ဆောင်ရာတွင် လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့အတွက် ဆရာတော်ထံကို ဘေဘီမောင်က သူကိုယ်တိုင်ဝတ္ထုငွေတွေ အလှူငွေတွေလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်…။

ဘေဘီမောင် ကတော့ နွားဦးတိုက်ဆရာတော်ဘုရားကြီးနဲ့ကြုံကြိုက်တုန်း အခုလို ကာလဒါနအလှူလေးအနေနဲ့ ဝတ္ထုငွေတွေကပ်လှူကုသိုလ်ယူခွင့်ရခဲ့တဲ့အတွက် ပီတိဖြစ်နေခဲ့ပြီး အလှူလေးပြုလုပ်ခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင် တို့ရဲ့အလှူလေးကိုသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်….။

Source – Baby Maung

Credit