


Credit – Cele Channel
Photo – Khine Thin Kyi

ချစ်လှစွာသောပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ အနုပညာ အလုပ်တွေကိုဟိုးအရင်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။ မခိုင်လေး အနေနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့အရွယ် တင်နုပျိုမှုက အံ့အားသင့်လောက်အောင်ပဲ ဖြစ်ပါတယ်…။

မခိုင်လေး က ပျော်ရွှင်စရာ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဆယ်ကျော်သက် အရွယ် သမီးလေးတစ်ယောက်လည်းရှိလို့ သူမအတွက် အဖော်ရနေတာဖြစ်ပါတယ်။ ဒီနေ့ကတော့ ထိပ်ထိပ်လေးရဲ့ အသက် (၁၉) နှစ်ပြည့် မွေးနေ့ ရက်မြတ်လေးလည်း ဖြစ်ပါတယ် …။

ချစ်ရတဲ့ သမီးလေးရဲ့ မွေးနေ့လေးမှာ မခိုင်လေးက ထိပ်ထားလေးရဲ့ ငယ်စဉ်ကအမှတ်တရပုံလေးတွေနဲ့အတူ ” Happy Birthday မေမေ့ချစ်သဲလေးရေ😘🎂🎊🎈၁၉နှစ်တောင်ရှိသွားပေမဲ့သဲလေးကိုလူ့လောကထဲစပြီးခေါ်လာခဲ့တဲ့နေ့ကမနေ့တနေ့ကလိုပါဘဲ😍မေမေ့ တို့ဆီလာချင်လွန်းလို့ချက်ချင်းရပြီးစောမွေးခဲ့ရတာနေမှာ😅မွေးနေ့ကစပြီးစိတ်ချမ်းသာပြီးကိုယ်ကျန်းမာပါစေ🥰ဘုရားတရားသံဃာမိဘဆရာတွေရဲ့ဂုဏ်ကျေးဇူးကိုအမြဲသိနားလည်ကိုးကွယ်နိုင်ပါစေ🙏မေမေလည်းသဲလေးကိုခလေးတယောက်လိုအချစ် လွန်ပြီးအမြဲလိုက်ပြီးစိတ်ပူနေတက်တာတွေလျှော့ပါ့မယ်🙄အရမ်းချစ်တယ်သဲလေးရေ❤️❤️❤️” ဆိုတဲ့ စာလေးနဲ့အတူ ဆုမွန်ကောင်း တောင်းပေးထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်… ။

Credit – Cele Channel
Photo – Khine Thin Kyi