


Credit– CeleZone
Source – May KhaLar

ခှစ်လှစွာသော ပရိသတ်ကြီးရေ အဆိုတော်မေခလာကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဝါရင့်အဆိုတော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။မနေ့က နိုဝင်ဘာလ (၂၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် မေခလာကတော့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်…။

အလှူလေးကတော့ ပြင်ဦးလွင်မှာသီတင်းသုံးတော်မူနေတဲ့ ပစ်တိုင်းထောင် ဘုရားမှာမီးအလင်းပေးဖို့အတွက် မီးစက်လိုတယ်လို့သိရှိရတဲ့အတွက် သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။မေခလာ ကတော့ သူ့ရဲ့ကျေးဇူးရှင်မိခင်ကြီးကို အမှူးထားပြီး မီးစက်ဝယ်ယူဖို့အတွက်မတည်အလှူငွေအဖြစ် (၁၀)သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်…။

ပရိသတ်ကြီးရေ မေခလာ ကတော့ဒီအလှူလေးကို ပစ်တိုင်းထောင်ဆိုတဲ့အတိတ်နမိတ်အတိုင်း လဲကျရင်တောင်ပြန်လည်ထူထောင် မားမားမတ် တိုးတက်ချမ်းသာသောမြန်မာပြည်ကြီး ဖြစ်ပါစေလို့ ရည်ရွယ်ပြီးရည်ရွယ်ကာလှူဒါန်းခဲ့ပြီး အလင်းဓါတ်ရအောင်ပြုခဲ့တဲ့ကုသိုလ် ကြောင့်အမှောင်အမိုက်မရှိ အလင်းရောင်များနဲ့အတူ မြန်မာပြည်သူလူထု အေးချမ်းပါစေလို့ ဆုမွန်ကောင်းတောင်းထားခဲ့ပါသေးတယ်…။

Credit– CeleZone
Source – May KhaLar