


Credit

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ယခင်တလောကထွက်ရှိခဲ့တဲ့ နာမည်ကြီးသီချင်းလေးတစ်ပုဒ်ကိုအားလုံးသိကြမှာပါနော်၊အဆိုတော်မေခလာနဲ့နိုရာ တို့တွဲဖက်သီဆိုထားတဲ့”ဦးရဲ့ကလေး၊မောင်လေးရဲ့မမ”သီချင်းကဆိုရင်အားလုံးကကြိုက်နှစ်သက်ကြပြီးအားပေးမှု့အများအပြားရရှိခဲ့တာပဲဖစ်ပါတယ်၊သီးချင်းနဲ့အောင်မြင်လာခဲ့တဲ့ နိုရာ ကတော့သီချင်းသစ်တွေကိုဆက်လက်သီဆိုနေဆဲဖြစ်ပါတယ်…။

ခုဆိုနိုရာရဲ့သီချင်းသစ်MusicVideo”ခင်ထား”ဆိုတဲ့သီချင်းလေးထွက် ရှိလာခဲ့ပါတယ်။သီချင်းလေးကတော့ရှေးခေတ်ပုံသဏ္ဍန်ဟန်ပန်လေးနဲ့သီဆိုထားလို့အသစ်အဆန်းလေး တစ်ခုအနေနဲ့ပရိသတ်တွေကိုဆွဲဆောင်လာခဲ့ပါတယ်။သို့ပေမယ့်နိုရာ.ရဲ့ခင်ထားသီချင်း.ကယခင်ကသီချင်း၊ဗီဒီယိုပုံစံတွေနဲ့တစ်ထပ်ထဲတူညီနေလို့ကော်ပီယူပြီးရိုက်ကူးထားတယ်ဆိုပြီးပြော လာခဲ့ကြတာပဲဖြစ်ပါတယ်…..။

နိုရာ ကတော့အဲလိုကြားပြီးနောက်ပိုင်းမှာသူမကယခင်ကအဲသီချင်းကိုသိပေမယ့်ဗီဒီယိုကိုလုံးဝမကြည့်ဖူးပါဘူး၊သူမခုရိုက်တဲ့ဗီဒီယိုပုံစံနဲ့ ထပ်တူကျနေလို့နိုရာဘက်ကတောင်းပန်ခဲ့ပါတယ်။သို့ပေမယ့်နို့ရာ အနေနဲ့သီချင်းကီးတွေပါထပ်တူကျနေတယ်ဆိုတဲ့စွတ်စွဲမှု့ကိုတော့လုံးဝလက်မခံနိုင်ပါဘူးတဲ့၊သူမမှာသက်သေတွေရှိလို့တိုက်စစ်ဆေးလို့ရပါတယ်လို့ဆို လာပါတယ်။သီချင်းရေးပေးတဲ့သူမရဲ့သီချင်းရေးဆရာတွေတော့မစော်ကားစေချင်ဘူး၊သူတို့ကအ လုပ်ကိုProfessionalကျကျလုပ်နေကြတဲ့သူတွေပါဆိုပြီးထွက်ဆိုလာခဲ့ပါတယ်။နောက်တော့ခုလို့စွတ်စွဲပြောဆိုတဲ့သီချင်းပိုင်ရှင်ကသူမနဲ့ ယခင်ကတဲကအဆင်မပြေတဲ့သူလို့သိရပါတယ်နော်….၊

Credit