


Credit-CeleGabar
Source- ChawYadanar

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် ချောရတနာ လို့ပြောလိုက်တာနဲ့ နာမည်နဲ့လိုက်အောင် ချော​မောလှပတဲ့မင်းသမီး တစ်လက်ဆိုတာ ပြောစရာမလိုလောက်အောင်ပါပဲနော်။ ဒါ့အပြင် ဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးပါ…။

မနေ့က ကျရောက်တဲ့ဒီဇင်ဘာလ၁ရက်နေ့မှာတော့ ချောရတနာ တို့ဇနီးမောင်နှံဟာ ချစ်သက်တမ်း(၁၃)နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အမှတ်တရအနေနဲ့လည်း အိမ်ထောင်စု၁ဝဝစာဆန်၊ဆီနှင့်တကွစားစရာအချို့ကိုလှူဒါန်းခဲ့တာပါ…။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း”အိမ်ထောင်စု ၁၀၀ စာ အတွက်တက်နိုင်သလောက်လှူဖြစ်ခဲ့တာလေး 😇အလှူအတွက် စေတနာထားစီစဉ်ပေးတဲ့မောင်လေးဝေလု နှင့်အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်😇”ဆိုတဲ့စာလေးနဲ့ လှူဒါန်းမှုပုံရိပ်တွေကိုဝေမျှခဲ့တာပါ။ပရိသတ်တွေလည်း ချောရတနာ တို့ဇနီးမောင်နှံရဲ့အလှူလေးကိုသာဓုခေါ်ခဲ့ကြပါဦးနော်…။

Credit-CeleGabar
Source- ChawYadanar