


Source – Khine Hnin Wai
Credit– CeleGabar

ချစ်လှစွာသောပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေ ကတော့ဒီနေ့ ဒီဇင်ဘာလ (၃)ရက်နေ့မှာ သူ့ရဲ့ရင်သွေးလေးမှာ ဂေဟာမှာ ကလေးတွေကို ပြုစုစောင့်ရှောက်နေတဲ့ ဝန်ထမ်းတွေကို ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ခိုင်နှင်းဝေ ကတော့သူ့ရဲ့ဂေဟာက ဝန်ထမ်းတွေထဲမှာ ကျိုက်ထီးရိုးဘုရားမရောက်ဖူးတဲ့ တွေရှိနေတာကြောင့် အခုလိုလိုက်လံပိုဆောင်ပေးခဲ့တာပါတဲ့….။

ခိုင်နှင်းဝေ ကတော့ကျိုက်ထီးရိုးဘုရားကို သူ့ရဲ့မိသားစုဝင်တွေကို ချစ်ခင်ရတဲ့ ဂေဟာကိဝန်ထမ်းတွေကို ဘုရားဖူးပို့ဖြစ်တဲ့အကြောင်းကို “ကျိုက်ထီးရိုး ဘုရား မရောက်ဖူးတဲ့ ဂေဟာက ဝန်ထမ်းတွေကို ဘုရားဖူးပို့ဖြစ်ပါတယ်ရှင်။ကလေးတွေလဲ ရှိတာမို့ (၂)သုတ်ခွဲထားကြပြီး ကျွန်မကတော့ ပထမ တစ်သုတ်နဲ့ လိုက်လာဖြစ်ပါတယ်။ ကလေးတွေ အပေါ်ရော ကျွန်မအပေါ်မှာပါ စေတနာအပြည့်နဲ့ မို့ဝန်ထမ်းလိုသဘောမထားဘဲ ကျွန်မရဲ့ မိသားစုဝင်တွေလိုဖြစ်နေပါတယ်။”ဆိုပြီးတော့ ကျိုက်ထီးရိုးဘုရား ကိုသွားရောက်ဖူးမြှော်ခဲ့တဲ့ ပုံရိပ်လေးတွေကိုပါ မျှဝေထားခဲ့ပါသေးတယ်…။

ခိုင်နှင်းဝေ ကတော့ သူ့ရဲ့ဒီမိသားစုဝင်တွေလိုဖြစ်နေတဲ့ ဂေဟာကဝန်ထမ်းတွေနဲ့လည်း ဒီထက်မက ကလေးတွေကို မေတ္တာ အပြည့်နဲ့ စောင့်ရှောက်ပေးနိုင်ပါစေ တကယ့် မိသားစုဝင်တွေလို တသက်လုံး နေထိုင်သွားနိုင်ပါစေလို့ မျှော်လင့်မိကြောင်းလည်း ဒီခရီးစဉ်လေးနဲ့အတူ သူ့ရဲ့ဆန္ဒလေးကိုပါ ဖော်ပြထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။

Source – Khine Hnin Wai
Credit– CeleGabar