


Credit – Celegabar

ချစ်လှစွာသောပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းကနေ ယနေ့အချိန်ထိ သရုပ်ဆောင် မော်ဒယ်လ်မင်းသမီးချောတစ်ယောက် အနေနဲ့ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်…။

ဒီနေ့ ဒီဇင်ဘာလ(၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မော်ဒယ်လ်မင်းသမီးချောလေး သင်ဇာဝင်ကျော်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်မြတ်လေးမှာတော့ သင်ဇာဝင့်ကျော်က အသက် (၃၄)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့မှာကျရောက်တဲ့ သင်ဇာရဲ့ မွေးနေ့ရက်မြတ်လေးအတွက်ကို သင်ဇာဝင့်ကျော်ကတော့သူရဲ့ ပရိသတ်တွေဆီကနေ Surprise မွေးနေ့လက်ဆောင်တွေမနေ့ကတည်းက လက်ခံရရှိခဲ့ပါသေးတယ်…။

သင်ဇာဝင့်ကျော်ကိုယ်တိုင်ကလည်း ပရိသတ်တွေဆီကနေ မထင်မှတ်ထားဘဲ မွေးနေ့လက်ဆောင်တွေရရှိခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်နေခဲ့ပါသေးတယ်။ ချစ်ပရိသတ်ကြီးရေ ဒီနေ့မှာကျရောက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ မွေးနေ့အတွက်ပရိသတ်ကြီးတွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်…။

Source – Thin Zar Wint Kyaw
Credit – Celegabar