


Source – Khine Hnin Wai
Credit– Celegabar

ချစ်လှစွာသောပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရိသတ်တွေသိရှိတဲ့အတိုင်းပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး စွမ်းစွမ်းတမံနဲ့ ဆောင်ရွက်နေခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။အမှန်တကယ် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကိုလည်း မိခင်စိတ်အပြည့်နဲ့ ခေါ်ယူမွေးစားကာစောင့်ရှောက်နေခဲ့တဲ့အထိကို စိတ်ထားမွန်မြတ်လွန်းလှတဲ့သူလည်းဖြစ်ပါတယ်…။

ဒီနေ့မှာလည်း ခိုင်နှင်းဝေက နောက်ထပ်သမီးလေးတစ်ယောက်ကို ထပ်မံခေါ်ယူမွေးစားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။ ကလေးငယ်လေးကတော့ သန်လျင်ဘက်မှာစွန့်ပစ်ခံခဲ့ရတာဖြစ်ပြီး ခိုင်နှင်းဝေ ကတော့သူ့ရဲ့ဂေဟာမှာ ခေါ်ယူမွေးစားသွားမှာဖြစ်တဲ့အကြောင်းကိုလည်း “ဒီမနက် သန်လျင်ဘက်မှာ စွန့်ပစ်သွားတဲ့ သမီးငယ်လေးပါ။ခေါ်ယူစောင့်ရှောက်ဖို့ လိုအပ်တာများဆက်လက်စုံစမ်းထားပါတယ်ရှင်။ ရှေ့ဆက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေ ကလေးရယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကိုမျှဝေထားခဲ့ပါသေးတယ်…။

ပရိသတ်တွေကတော့ ခိုင်နှင်းဝေရဲ့ မိခင်စိတ်ပြည့်ဝလွန်လှတဲ့ စိတ်ထားနဲ့ ကလေးတွေကိုသားသမီးအရင်းသဖွယ်စောင့်ရှောက်တဲ့ ရှားပါးလွန်းလှတဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးပြီးရင်း ချီးကျူးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ခိုင်နှင်းဝေ ရဲ့ ပရဟိတစိတ်ဓာတ်ကတော့ တကယ်ကို ချီးကျူးပြီးရင်းကို ချီးကျူးထိုက်ပါပေတယ်နော်…။

Source – Khine Hnin Wai
Credit– Celegabar