


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ မော်ဒယ် အောန်ဆိုင်း ကတော့အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူဖြစ်တာကြောင့် အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ မိသားစုနဲ့အတူ ပြည်ပနိုင်ငံမှာ နေထိုင်လျက်ရှိနေတာ ဖြစ်ပါတယ်…။

အောန်ဆိုင်း ကတော့ သူမရဲ့ တစ်နေ့တာကို သားလေး ဧဝရတ်မိုးမြင့်အား အချိန်ပေးရင်းဖြင့်သာ ကုန်ဆုံးလျက် ရှိနေတာ ဖြစ်ပါတယ်။ သားလေးရဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲဝေမျှပေးလျက် ရှိရာ မကြာသေးခင် မိနစ်ပိုင်းလောက်က အောန်ဆိုင်းရဲ့Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်…။

ဒါကတော့ ခမ်းနားကြီးကျယ်ပြီး နေချင်စရာကောင်းလွန်းလှသော ပြည်ပနိုင်ငံမှာရှိတဲ့ သူမရဲ့အိမ်အသစ်ကြီးကိုဗီဒီယိုရိုက်ပြီး ပြသလိုက်တာ ဖြစ်ပါတယ်။ အောန်ဆိုင်းကတော့ ခရစ္စမတ်ရာသီရောက်ပြီ ဖြစ်တာကြောင့် သူမရဲ့အိမ်လေးမှာ Christmas Tree လေးတွေ အလှဆင်ထားတာ ဖြစ်ပါတယ်။ကဲ ပရိသတ်ကြီးလည်း အောန်ဆိုင်း ရဲ့ဗီဒီယိုဖိုင်လေးကို အားပေးကြည့်ရှုကြပါဦးနော်…။

Credit