


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ မော်ဒယ် M ဆိုင်းလုကတော့ Professional Model တစ်ယောက်အဖြစ် တစ်စိုက်မတ်မတ် လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။ ပင်ကိုယ် အလှတရားလေးနဲ့အတူ သေးသွယ်လွန်းတဲ့ ကိုယ်လုံးလေးကိုပါ ထပ်ဆင့် ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ပုရိသတွေ အကုန်လုံး ကြွေ ကျနေကြရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်က ယောကျာ်းလေးပရိသတ်တွေကို အသည်းကွဲအောင် M ဆိုင်းလုတစ်ယောက် လုပ်သွားခဲ့ပြန်ပါပြီ…။

သူမတွင် ချစ်သူကောင်လေးရှိနေပြီဖြစ်ကြောင်း Instagram တွင် အတိအလင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။အမိုက်စား မော်ဒယ်ကောင်မလေး M ဆိုင်းလုတွင် ချစ်သူရှိနေပြီဆိုတဲ့ သတင်းကြောင့် တစ်နိုင်ငံလုံးက ပုရိသတွေအကုန်လုံး အသည်းတွေ ဟက်တက်ကွဲသွားခဲ့ရတာ ဖြစ်ပါတယ်။ အခုလည်း ဗီဒီယိုတစ်ခုနဲ့ စိတ်နာအောင် လုပ်ချသွားခဲ့ပြန်ပါပြီနော်…။

ဒါကတော့ သူမရဲ့ခါးကိုတင်းကြပ်စွာဖက်ထားပြီး အမှတ်မထင် နမ်းလိုက်တဲ့ ချစ်သူလေးကြောင့် ရင်ခုန်စိတ်လှုပ်ရှား သွားခဲ့ရတဲ့ M ဆိုင်းလုရဲ့ဗီဒီယိုဖိုင်လေးကို Tik Tok အကောင့်တွင် မျှဝေပေးလာခဲ့ပါတယ်။ ဗီဒီယိုဖိုင်ကိုတော့ သူမကောင်လေးရဲ့ မွေးနေ့တွင် အမှတ်တရ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အားလုံးလည်း ဒီဗီဒီယိုလေး ကိုကြည့်ရှုအားပေးကြပါဦးနော်…။

Credit