


Credit– Cele Star

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော် ကတော့အကယ်ဒမီဆုပါ ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်လေးပဲ ဖြစ်ပါတယ် ။ ခင်ဇာခြည်ကျော်က ယနေ့အချိန်အထိတိုင်အောင် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့အပြင် သူမရဲ့ကလေးတွေကိုပါ မြေတော င်မြှောက်ပေးနေတာ ဖြစ်ပါတယ်…. ။

သားတစ်ယောက်၊ သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ခင်ဇာခြည်ကျော်က ကလေးတွေကို တာဝန်ကျေပွန်စွာ စောင့်ရှောက်နေတာ ဖြစ်ပါတယ် ။ ခင်ဇာခြည်ကျော်ရဲ့သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာတို့ကလည်း ချစ်မေမေရဲ့အနုပညာအမွေတွေကို ဆက်ခံထားတဲ့ မျိုးဆက်သစ် အနုပညာရှင်လေးတွေ ဖြစ်ကြပါတယ်…. ။

အခုလည်း ယနေ့မှာကျရောက်တဲ့ သားကြီး ဘုန်းမင်းနေလရဲ့ မွေးနေ့လေးကို ငယ်စဉ်က အမှတ်တရ ပုံလေးတွေနဲ့အတူ ” Happy Birthday ပါ မေမေ့သားကြီးရေ အသက် ၂၀ ပြည့်ပြီ နော် သားကြီးဘုန်းမင်း အသက်ရှည် ကျန်းမာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ သားရေ ❤️❤️❤️ ” ဆိုတဲ့ စာလေးနဲ့အတူ ဆုမွန်ကောင်းတောင်းပေးလာပါတယ် ။ ပရိသတ်ကြီးအတွက် ဘုန်းမင်းနေလရဲ့ ငယ်ဘဝ ပုံလေးတွေကိုဝေမျှပေး လိုက်ပါတယ်…. ။

Credit– Cele Star