


Source – May Khine Ohn
Credit– CeleGabar

ချစ်လှစွာသောပရိသတ်ကြီးရေ အဆိုတော်ဇော်ဝင်းထွဋ် ကတော့ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ယနေ့ထိတိုင်ရရှိနေဆဲဖြစ်တဲ့ ဝါရင့် အဆိုတော်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ (၇)ရက်နေ့လေးကတော့ ပရိသတ်အချစ်တော် အဆိုတော်ဇော်ဝင်းထွဋ်နဲ့ သူ့ရဲ့ဇနီးတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနေ့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာတော့ အဆိုတော် ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံက မင်္ဂလာသက်တမ်း (၃၆)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်ရဲ့ ဇနီးဖြစ်သူကတော့ ဒီနေ့မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ အရင်နှစ်တွေကလို သားဖြစ်သူနဲ့ အတူရှိမနေနိုင်တဲ့အတွက် “သားကလေယာဉ်ပျံကြီးကိုသံတိုင်ကြားကငေးမောရင်း ငှက်ကလေးတွေရဲ့ လွတ်လပ်စွာပျံသန်းခြင်းကိုအားကျနေရတဲ့အချိန်မှာ ဒီအမေ အတွက်ပျော်ရွှင်ခြင်းတွေဝေးတဲ့ (၃၆)နှစ်မြောက်နှစ်ပါတ်လည်ပေါ့”ဆိုပြီး သားကိုလွမ်းဆွတ်နေကြောင်းခံစားချက်တွေကို ရင်ဖွင့်ထားခဲ့ပါသေးတယ်…။

(၃၆)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ သားဖြစ်သူနဲ့အတူမရှိနေနိုင်ခဲ့ပေမဲ့ မိသားစုတွေအမြန်ဆုံးပြန်လည်စုံစည်းပါစေလို့ ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်လေးအတွက် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်….။

Source – May Khine Ohn
Credit– CeleGabar