Credit-CeleGabar
Source – Khine Hnin Wai
ချစ်လှစွာသောပရိသတ်ကြီးရေ ခိုင်နှင်းဝေကို ပရဟိတမင်းသမီးတစ်လက် လို့ပရိသတ်တွေသတ်မှတ်ထားတဲ့အတိုင်း ဦးစီးတည်ထောင်ကာ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။ ခိုင်နှင်းဝေဟာဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလိို့လည်းဆိုရမှာပါ…။
လက်ရှိမှာတော့ ပရိသတ်တွေကလည်း သတိထားမိကာ သနားအချစ်ပိုရတဲ့ အာကြီး
ရဲ့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်းကို”ဒီနေ့ ကိုအာကြီးကို CT SCAN ရိုက်ခြင်း ၊နှလုံး စစ်ဆေးခြင်း နှင့် လိုအပ်တာ စစ်ဆေးခြင်းများ ပြုလုပ်ထားပါတယ်ရှင်..အခြေအနေ အဖြေများ အားလုံး ကောင်းပါစေလို့ ဆုတောင်းရပါတယ်..အားလုံးရဲ့ မေတ္တာပို့ ဆုတောင်းလေးများကလဲ အားရှိရပါတယ်..ဖိုက်တင်းပါ သားရေ…❤️❤️”ဆိုတဲ့စာလေးနဲ့ တင်လာခဲ့တာပါ…။
အာကြီးရဲ့ကျန်းမာရေးရလဒ်​ေ​တွကောင်းမွန်ဖို့ ပရိသတ်တွေရဲ့ ဆုတောင်းမေတ္တာ ပို့ပေးမှုတွေကလည်း တကယ်ကိုထိရောက်မှာပါနော်။ပရိသတ်ကြီးလည်း အာကြီးရဲ့ကျန်းမာရေး ရလဒ်အတွက်ဆုတောင်းပေးခဲ့ကြပါဦးနော်…။
Credit-CeleGabar
Source – Khine Hnin Wai