


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် ဥက္ကာမင်းမောင် ကတော့မကြာသေးခင် ရက်ပိုင်းလောက်က သူ့ရဲ့ ချစ်သူကောင်လေးနဲ့အတူ မီယာမီကမ်းခြေသို့ အပန်းဖြေခရီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးလည်း အရမ်းကို ပျော်ရွှင်ခဲ့ပြီး ခရီးသွား ပုံရိပ်တွေကိုလည်း သူ့ရဲ့လူမှုကွန်ယက်ထက်တွင် ပြန်လည်ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်…။

မကြာသေးခင် မိနစ်ပိုင်းလောက်က ဥက္ကာမင်းမောင် ရဲ့Instagram Story မှာ ဗီဒီယိုလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူလေးရဲ့ပါးမို့မို့လေးကို ချိုမြိန်တဲ့ အနမ်းလေးတွေပေးရင်း အပီအပြင်ကိုရိုပြနေတဲ့ ဥက္ကာမင်းမောင်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင် ကတော့အားလပ်ချိန်တိုင်းချစ်သူနဲ့အတူ တန်ဖိုးရှိလှတဲ့အချိန်လေးတွေ ဖြတ်သန်းနေတာ ဖြစ်ပါတယ်….။

ဒီနှစ် ခရစ္စမတ်လက်ဆောင်အဖြစ် ဆန်တာကလော့စ်မှ ချစ်သူလေးကို သူ့ထံပေးပို့ခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်မိကြောင်း ဥက္ကာမင်းမောင်.မှရေးသား ထားတာကိုလည်း မြင်တွေ့ရပါတယ်။ ပရိသတ်တွေကလည်းဥက္ကာမင်းမောင်ပျော်ရွှင်နေတာကို ကြည့်ပြီး ထပ်တူ ကြည်နူးဝမ်းသာနေကြတာ ဖြစ်ပါတယ်။ အားလုံး ကြည့်ရှုခံစားနိုင်ရန်အတွက် ဒီဗီဒီယိုလေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်…။

Credit