


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ အဆိုတော် ထူးအယ်လင်း ကတော့သူ့ရဲ့ အသံပါဝါနဲ့ တေးသီချင်းတွေကို မာန်အပြည့်နဲ့ သီဆိုတတ်သူတစ်ဦး ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့သွားရောက်ကာ လိုအပ်နေတဲ့ပြည်သူများအတွက် စားနပ်ရိက္ခာနဲ့ အသုံးအဆောင် ပစ္စည်းများသွားရောက်လှူဒါန်းပေးနေတာ ဖြစ်ပါတယ်…။

ဒီနေ့ကတော့ ထူးအယ်လင်း တို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၇) နှစ်ပြည့်နေ့ရက်လေး ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က ထူးအယ်လင်း ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ချစ်ဇနီးဖတ်ကြည့်လိုက်တာနဲ့ စိတ်ထဲကနေ အလိုလိုကြည်နူးသွားစေမယ့် ချစ်စကားလေးတွေ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါကတော့အိမ်ထောင်သက်(၇) နှစ်တိုင်သည်အထိ အနားကနေ တစ်ဖဝါးမှ မခွာဘဲ အတူရှိနေပေးတဲ့ ချစ်ဇနီးလေးအားကျေးဇူးတင် စကားဆိုလာတာ ဖြစ်ပါတယ်…။

” ၇ နှစ်ပြည့် အိမ်ထောင်သက်တမ်းက မနေ့တစ်နေ့ကလိုပါပဲ မိန်းမရေ… ကျေးဇူးတော်အားဖြင့် ကျန်းမာသော ငါတို့အိမ်ထောင် မိသားစု ဆက်လျောက်ကြတာပေါ့ … ဟဟ ဟူးးးးးးးးးးဇ 😍 ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ထူးအယ်လင်း တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာရှိတဲ့ နေ့ရက်လေးအတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးသွားကြပါဦးနော်…။

Credit