


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် မေထွဋ်ခေါင် ကတော့တစ်ခေတ်တစ်ခါက ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အားလုံးရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ မလုပ်တော့ပေ မယ့်လည်း ပရိသတ်တွေကတော့ အားပေးနေကြဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သာယာကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်…။

သူမတို့ မိသားစုလေးရဲ့ လှုပ်ရှားမှုတွေကိုလည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြန်လည်ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က မေထွဋ်ခေါင်ခင်ပွန်းရဲ့ Tik Tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ကလေးတွေနဲ့အတူ စိတ်လွတ်လက် လွတ်ဆော့ကစားနေတဲ့ ချစ်ဇနီးရဲ့ပုံစံလေးကို ဗီဒီယိုရိုက်ပြီး ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်…။

” မသိတဲ့သူကတော့ ဆရာကြီးထင် သိတဲ့သူကတော့ ငပေါကြီးမှန်း သိတယ် ” ဆိုပြီး ချစ်ဇနီးလေးကို စနောက်ထားသေးတာပဲ ဖြစ်ပါတယ်။ မေထွဋ်ခေါင်ကတော့ ကလေးတွေ ပျော်ရွှင်စေရန် အတူတူဆော့ကစားပေးနေတာပဲဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုခံစားနိုင်အောင် အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်….။

Credit