


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ မော်ဒယ် ခင်လွှမ်း ကတော့သမီးလေးမွေးဖွားပြီးနောက်ပိုင်း ကလေးနဲ့အတူ သူမရဲ့တစ်နေ့တာကိုဖြတ်သန်းကုန်ဆုံးနေတာ ဖြစ်ပါတယ်။ သမီးလေးကလည်း ခြောက်လသာရှိသေးပေမယ့် အရမ်းကို ချစ်စရာကောင်းလွန်းနေတာကြောင့် ပရိသတ်တွေကပါ အချစ်ပိုနေရတာ ဖြစ်ပါတယ်…။

သမီးလေးရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဝေမျှပေးလေ့ရှိရာ မကြာသေးခင်နာရီပိုင်း​လောက်က ခင်လွှမ်းရဲ့Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ ကလေးထိန်းသီချင်းဆိုနေတာကို ဘေးကနေလိုက်ဝါးချပြီးအော်နေတဲ့ သမီးလေးရဲ့ပုံစံလေးအား အမှတ်တရ ဗီဒီယိုရိုက်ကူးထားတာ ဖြစ်ပါတယ်….။

Shandra လေးကတော့ အသက်ငယ်သေးပေမယ့် အခုကတည်းက အနုပညာပိုးတွေ ဝင်ရောက်နေသလားလို ့ထင်မှတ်ရလောက်အောင်ပါပဲနော်။ ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုအားပေးလို့ ရနိုင်အောင် ခင်လွှမ်း တို့ သားအမိရဲ့ဗီဒီယိုဖိုင်လေးကို အခုပဲတင်ဆက်ပေးလိုက် ရပါတယ်နော်..။

Credit