


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ် ကတော့အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေဆဲပါပဲနော်။ အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနေသူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီး အချစ်ပိုနေရတာ ဖြစ်ပါတယ်။ သမီးလေး နှစ်ယောက်ကိုလည်း လိမ္မာယဉ်ကျေးအောင် အမြဲဆုံးမသွန်သင်နေတဲ့ မိခင်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်….။

စမိုင်းလ် ကတော့လက်ရှိမှာ ပြည်ပနိုင်ငံတွင် မိသားစုနဲ့အတူ အခြေချနေထိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။ သမီးကြီးပေါ်ရှာဟာလည်း ပြည်ပနိုင်ငံမှာ မော်ဒယ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က ပေါ်ရှာရဲ့ Tik tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ပေး ထားတာ ဖြစ်ပါတယ်….။

ဒါကတော့ နိုင်ငံခြားမော်ဒယ်လေးလို့ ထင်မှတ်မှားရလောက်အောင် ကိုယ်လုံးလေးကို ဘယ်ညာလှုပ်ရမ်းပြီး အပီဒွန့်နေတဲ့ စမိုင်းလ်သမီးကြီးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပေါ်ရှာကတော့ ဘယ်ချိန်ကြည့်ကြည့် အမြဲတမ်း အမိုက်စားဖက်ရှင်လေးတွေကိုသာ ဝတ်ဆင်လေ့ရှိတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင်ဗီဒီယိုလေးကို အခုပဲ တင်ဆက်ပေးလိုက်ရပါတယ်နော်….။

Credit