ခ်စ္လွစြာေသာပရိသတ္ႀကီးေရ အိအိတုန္ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ အေရးပါတဲ့ ဇာတ္ပို႔ေနရာကေန သ႐ုပ္ေဆာင္ၿပီး ပရိသတ္အခ်စ္ကို သိမ္းပိုက္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ အိအိတုန္ ကေတာ့အႏုပညာအလုပ္အျပင္ အြန္လိုင္းကေန ေဈးေရာင္းၿပီးလည္း သမာအာဇီဝက်က် စီးပြားရွာေနသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သမီးႏွစ္ေယာက္ေမြးဖြားထားၿပီျဖစ္တဲ့ အိအိတုန္ဟာ ဒီကေန႔မွာေတာ့ သူမရဲ့သမီးငယ္ေလးကို အမွတ္တမဲ့ခ်ီလိုက္ရင္း အရိုးက်ိဳးမလိုျဖစ္သြားတဲ့ျဖစ္စဥ္ကို ေမေမေတြအားလုံး သတိထားနိုင္ဖို႔ အခုလိုပဲေျပာျပလာပါတယ္…။

“မနက္အေစာႀကီးေဆး႐ုံထပ္ေျပး ကိုယ္လည္းတစ္ခါမွမျဖစ္ဖူးေတာ့လန႔္သြား သမီးငယ္ေလးကိုခ်ီလိုက္တာ အခန႔္မသင့္ေတာ့ လက္ဆစ္လႊဲသြားတာ ဂေလာက္လို႔ၾကားေတာ့ လက္ကက်ိဳးၿပီလားမသိဘူးဆိုၿပီးလန႔္ေနတာ။ မေန႔ကညေနသြားျပေတာ့ အေရးေပၚပဲျပခဲ့ရတယ္။ ဒီေန႔မွအရိုးဆရာဝန္နဲ႔ျပန္ျပေတာ့ သမီးငယ္ေလးက အရိုးႏုေနတာမို႔ျပန္ဆက္မိသြားတယ္တဲ့….။

ကေလးငယ္ရွိတဲ့ေမေမေတြ အထူးဂ႐ုစိုက္ပါေနာ္။ တခါမွမျဖစ္ဖူးေတာ့ မေန႔ကဘာလုပ္လို႔လုပ္ရမွန္းမသိတာ ညၾကေတာ့ သမီးကလက္ေလးျပန္လူပ္နိုင္ၿပီးျပန္ကစားလာလို႔စိတ္သက္သာရ။ ခုမနက္တခါသြားျပလိုက္ေတာ့ ဘာမွမျဖစ္ေတာ့ဖူးဆိုမွအလုံးႀကီးက်”“ကေလးရွိတဲ့ေမေမတိုင္း အမူမဲ့လက္ကိုဆြဲလိုက္တာတို႔ဆို အခန႔္မသင့္ရင္ျဖစ္နိုင္တာမို႔ ဆင္ျခင္လို႔ရေအာင္ပါ။ အရြယ္မေရြးကေလးငယ္တိုင္း ျဖစ္တက္ပါတယ္တဲ့။ အဲ့လိုျဖစ္ရင္လုံးဝမႏွိပ္ပါနဲ႔တဲ့။ ဘာေဆးမွလည္းမလိမ္းပါနဲ႔တဲ့။ မေန႔ကထူပူေနေပမဲ့ မႏွိပ္ခဲ့ဘူး…။

ႏွိပ္လိုက္မိရင္အရိုးျပန္ဆက္မဲ့ဟာကမဆက္ပဲ ပိုလႊဲသြားတက္တယ္တဲ့။ အခုေတာ့သမီးငယ္ေလးျပန္ေကာင္းသြားပါၿပီ။ စိတ္ပူၿပီးေမးၾကတဲ့ခ်စ္တုန္းတို႔တစ္ေယာက္ခ်င္းဆီေက်းဇူးအမ်ားႀကီးတင္ပါတယ္” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေျပာလာပါတယ္။အိအိတုန္ကေတာ့ ႏုနယ္တဲ့ကေလးငယ္ေလးကို ကိုင္တြယ္ရာမွာ အမႈမဲ့အမွတ္မဲ့ကေန ကေလးျဖစ္သူအရိုးေလးေတြကို ဒဏ္ရာျဖစ္ေစနိုင္ေၾကာင္း သူမရဲ့ကိုယ္ေတြ႕အေၾကာင္းနဲ႔ပက္သတ္ၿပီး သတိေပးလာတာပဲျဖစ္ပါတယ္…။

Source: Ei Tone ‘s fb
Credit

ချစ်လှစွာသောပရိသတ်ကြီးရေ အိအိတုန်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ပြီး ပရိသတ်အချစ်ကို သိမ်းပိုက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အိအိတုန် ကတော့အနုပညာအလုပ်အပြင် အွန်လိုင်းကနေ ဈေးရောင်းပြီးလည်း သမာအာဇီဝကျကျ စီးပွားရှာနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သမီးနှစ်ယောက်မွေးဖွားထားပြီဖြစ်တဲ့ အိအိတုန်ဟာ ဒီကနေ့မှာတော့ သူမရဲ့သမီးငယ်လေးကို အမှတ်တမဲ့ချီလိုက်ရင်း အရိုးကျိုးမလိုဖြစ်သွားတဲ့ဖြစ်စဉ်ကို မေမေတွေအားလုံး သတိထားနိုင်ဖို့ အခုလိုပဲပြောပြလာပါတယ်…။

“မနက်အစောကြီးဆေးရုံထပ်ပြေး ကိုယ်လည်းတစ်ခါမှမဖြစ်ဖူးတော့လန့်သွား သမီးငယ်လေးကိုချီလိုက်တာ အခန့်မသင့်တော့ လက်ဆစ်လွှဲသွားတာ ဂလောက်လို့ကြားတော့ လက်ကကျိုးပြီလားမသိဘူးဆိုပြီးလန့်နေတာ။ မနေ့ကညနေသွားပြတော့ အရေးပေါ်ပဲပြခဲ့ရတယ်။ ဒီနေ့မှအရိုးဆရာဝန်နဲ့ပြန်ပြတော့ သမီးငယ်လေးက အရိုးနုနေတာမို့ပြန်ဆက်မိသွားတယ်တဲ့….။

ကလေးငယ်ရှိတဲ့မေမေတွေ အထူးဂရုစိုက်ပါနော်။ တခါမှမဖြစ်ဖူးတော့ မနေ့ကဘာလုပ်လို့လုပ်ရမှန်းမသိတာ ညကြတော့ သမီးကလက်လေးပြန်လူပ်နိုင်ပြီးပြန်ကစားလာလို့စိတ်သက်သာရ။ ခုမနက်တခါသွားပြလိုက်တော့ ဘာမှမဖြစ်တော့ဖူးဆိုမှအလုံးကြီးကျ”“ကလေးရှိတဲ့မေမေတိုင်း အမူမဲ့လက်ကိုဆွဲလိုက်တာတို့ဆို အခန့်မသင့်ရင်ဖြစ်နိုင်တာမို့ ဆင်ခြင်လို့ရအောင်ပါ။ အရွယ်မရွေးကလေးငယ်တိုင်း ဖြစ်တက်ပါတယ်တဲ့။ အဲ့လိုဖြစ်ရင်လုံးဝမနှိပ်ပါနဲ့တဲ့။ ဘာဆေးမှလည်းမလိမ်းပါနဲ့တဲ့။ မနေ့ကထူပူနေပေမဲ့ မနှိပ်ခဲ့ဘူး…။

နှိပ်လိုက်မိရင်အရိုးပြန်ဆက်မဲ့ဟာကမဆက်ပဲ ပိုလွှဲသွားတက်တယ်တဲ့။ အခုတော့သမီးငယ်လေးပြန်ကောင်းသွားပါပြီ။ စိတ်ပူပြီးမေးကြတဲ့ချစ်တုန်းတို့တစ်ယောက်ချင်းဆီကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။အိအိတုန်ကတော့ နုနယ်တဲ့ကလေးငယ်လေးကို ကိုင်တွယ်ရာမှာ အမှုမဲ့အမှတ်မဲ့ကနေ ကလေးဖြစ်သူအရိုးလေးတွေကို ဒဏ်ရာဖြစ်စေနိုင်ကြောင်း သူမရဲ့ကိုယ်တွေ့အကြောင်းနဲ့ပက်သတ်ပြီး သတိပေးလာတာပဲဖြစ်ပါတယ်…။

Source: Ei Tone ‘s fb
Credit