


Credit-CeleGabar
Source- SoePyaeThazin

ချစ်လှစွာသောပရိသတ်ကြီးရေ ပရိသတ်အချစ်တော်လေး သရုပ်ဆောင် မင်းသမီး စိုးပြည့်သဇင်ဟာ အသက် (၁၈ )နှစ်အရွယ်မှာ “မိုးညအိပ်မက်မြူ” ဇာတ်ကားနဲ့ အကယ်ဒမီ ဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိထားသူပဲဖြစ်ပါတယ်။သရုပ်ဆောင်ဘက်မှာသာမက အဆိုဘက်မှာလည်း ထူးခြားချိုသာတဲ့ အသံလေးနဲ့အဆိုကောင်းသူတစ်ယောက်ပါနော်….။

အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မင်းသမီးတွေရဲ့ မျိုးဆက်လို့ ပြောလို့ရပါတယ်။ အနုပညာလောကမှာ စိုးမိသားစု ဆိုရင် မသိသူမရှိ တဲ့စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ စန္ဒီမြင့်လွင် တို့နဲ့ အမျိုးတော်စပ်တဲ့အပြင် သူမဟာလည်း အနုပညာပါရမီက မခေသူတစ်ယောက်ပါ။အဆိုဘက်မှာလည်း သူမသီချင်းတွေကို ပရိသတ်တွေက လက်ခံအားပေးတဲ့အပြင် ချိုသာအေးမြတဲ့ အသံပါဝါကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်…။

ဒီနေ့မှာတော့ သူမရဲ့ ၁၅နှစ်အရွယ်ကပူံရိပ်လေးတွေကိုချစ်တဲ့ပရိသတ်တွေ​မြင်ရအောင်တင်လာခဲ့တာပါ။ ငယ်စဉ်ကလေး ဘဝပုံရိပ်ထဲကချစ်စရာကောင်းခဲ့တဲ့စ်ုးပြည့်ကတော့ ၁၅နှစ်အရွယ် မြီးကောင်ပေါက်အရွယ်မှာထဲက ချစ်စရာကောင်းတဲ့အပြင် ချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားကြောင်း ပုံလေးကိုကြည့်တာနဲ့သိနိုင်ပါတယ်နော်။ပရိသတ်တွေလည်း ချစ်စရာကောင်းပြီး ဖြူစင်တဲ့အပြုံးလေးတွေပိုင်ဆိုင်ထားတဲ့ စိုးပြည့်သဇင် ရဲ့ငယ်ဘဝပုံလေးကိုချစ်ရင်မှတ်ချက်ပေးခဲ့ပါဦးနော်…။

Credit-CeleGabar
Source- SoePyaeThazin