


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည် ကတော့သူမရဲ့လွတ်လပ်ပွင့်လင်းတဲ့ အမူအယာလေးတွေကြောင့် မချစ်တဲ့သူမရှိလောက်အောင်ကို လူကြိုက်များတဲ့ မင်းသမီးတစ်လက်ပါပဲ။ စိတ်ပျိုလို့ကိုယ်နုတယ်ဆိုတဲ့စကား အတိုင်း အမြဲတမ်းလန်းဆန် းတက်ကြွနေတဲ့ ခိုင်သင်းကြည် ဟာအခုဆိုရင် အသက် (၅၀) နီးပါးအရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် လူငယ်တွေနဲ့အပြိုင် နုပျိုနေဆဲပဲဖြစ်ပါတယ်….။

အနုညာလောကမှာ နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်မှုတွေတဖွဲဖွဲရရှိနေတဲ့ ခိုင်သင်းကြည် ဟာသူမကိုချစ်တဲ့ပရိသတ်တွေရဲ့ အမျိုးမျိုးသောချစ်သက်လက်ဆောင်တွေကို ရရှိနေတာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ခိုင်သင်းကြည်က သူမရဲ့နာမည်ကို အသားအနာခံပြီး တက်တူး ထိုးပေးတဲ့ ပရိသတ်တစ်ယောက်ကို ကျေးဇူးလည်းတင်သနားလည်းသနားတာကြောင့် “အဲ့လိုတွေအသားအနာခံပြီး မလုပ်ပါနဲ့နော် ချစ်ပြီးသားပါ” ဆိုပြီး တောင်းဆိုခဲ့ပါတယ်….။

ခိုင်သင်းကြည် ကတော့သူမကိုချစ်ကြတဲ့ ပရိသတ်တိုင်းကိုလေးစားသူတစ်ယောက် ဖြစ်ပြီး ပရိသတ်တွေအသားအနာခံပြီးချစ်ကြတာကိုတော့ မကြည့်ရက်တဲ့အတွက် ထပ်မလုပ်ကြဖို့ တောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်…။

Source: Khine Thin Kyi’s fb
Credit