


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ မြန်မာနိုင်ငံတွင်သာမကဘဲ နိုင်ငံတကာက ပရိသတ်တွေရဲ့အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသား ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ သူကတော့ ထိုင်းမလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ မော်ဒယ်ဘဝကနေ သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ရာမှာလည်း အောင်မြင်မှုတွေ များစွာသိမ်းပိုက်ရရှိခဲ့သူလည်း ​ဖြစ်ပါတယ်….။

ပိုင်တံခွန် ကတော့မိဘတွေရဲ့ ကျေးဇူးကို အရမ်းကို သိတတ်လွန်းသူဖြစ်ပြီး ရရှိသမျှ အနုပညာကြေးတွေဖြင့်ကန်တော့တဲ့ သားလိမ္မာလေး ဖြစ်ပါတယ်။ ညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း တာဝန်ကျေပွန်လွန်းသူအဖြစ်ဂုဏ်သတင်းမွှေးပျံ့နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ပိုင်တံခွန်အစ်မရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်…။

ဒါကတော့ ချစ်ရသူလေးနဲ့အတူ နေအိမ်မှာပဲ အကျဉ်းချုံးပြီး မင်္ဂလာလက်မှတ်ထိုးပွဲလေး ကျင်းပခဲ့တဲ့ ပိုင်တံခွန် ရဲ့အစ်ကို နိုင်တံခွန်ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ နိုင်တံခွန် တို့ဇနီးမောင်နှံဟာ သိပ်ကိုလိုက်ဖက်လွန်းလှပြီးချစ်စရာကောင်းတဲ့ အတွဲလေး ဖြစ်ပါတယ်။ ကဲပရိသတ်ကြီးလည်း နိုင်တံခွန် တို့အတွဲလေးရဲ့ မင်္ဂလာပုံရိပ်တွေကို အားပေးကြည့်ရှုကြပါဦးနော်…။

Credit