Credit-CeleGabar
Source – Khine Hnin Wai
ချစ်လှစွာသောပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးတစ်လက်လို့ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း ဦးစီးတည်ထောင်ကာ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလိို့လည်းဆိုရမှာပါ…။
လက်ရှိမှာတော့ ပရိသတ်တွေကလည်းသတိထားမိကာ သနားအချစ်ပိုရတဲ့ အာကြီး
တစ်ယောက် သူမရဲ့ဂေဟာသစ်မှာဘုရင်မကြီး ရှင်စောပု ကိုးကွယ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်မြတ်များ ကို ဒုတိယ အကြိမ်မြောက် ပင့်ဖိတ်ပူဇော်ခဲ့ကာ တရားနာရေစက်ချနေတဲ့ပုံရိပ်လေးတွေကို ချစ်တဲ့ပရိသတ်တွေအတွက် ပုံလေးတွေဝေမျှပေးလာခဲ့တာပါ…။
“ထပ်တူ ထပ်မျှ ရရှိ ကြပါစေ…သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်…🙏🙏🙏…”ဆိုတဲ့စာလေးနဲ့ အာကြီး တစ်ယောက်လက်အုပ်လေးချီကာကုသိုလ်ယူနေပုံလေးတွေကတော့ တကယ့်ကို ကြည်နူးစရာလေးပါပဲနော်။ပရိသတ်တွေလည်း ကုသိုလ်တွေထပ်တူထပ်မျှရရှိကြဖို့ သာဓုခေါ်ခဲ့ကြပါဦးနော်…။
Credit-CeleGabar
Source – Khine Hnin Wai