Credit
ချစ်လှစွာသောပရီသတ်ကြီးရေ သရုပ်ဆောင်နဲ့ မော်ဒယ်လ် ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေး ခရီးစဉ်မှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲရောက်ရှိနေတဲ့ ပိုင်တံခွန်ဟာ သူချစ်ရတဲ့ မိသားစုတွေ၊ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်ဝေးကွာနေတာ လအတော်ကြာကြာမြင့်နေပြီပဲဖြစ်ပါတယ်….။
လပေါင်းများစွာ အိမ်နဲ့ခွဲခွာနေရတဲ့အတွက် ပိုင်တံခွန်ကလည်း သူ့ရဲ့ဖေဖေ၊ မေမေနဲ့ မိသားစုတွေကို သတိရနေမှာေ သချာသလို သူ့ရဲ့မိသားစုဝင်တွေကလည်း သတိရတမ်းတနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်တံခွန်ရဲ့အစ်မ မေချစ်သွေးက မောင်လေးကို သတိရနေကြောင်း “ဒီရက်တွေထဲ ပိုသတိရတယ် ပိုင်…” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်…။
ပိုင်တံခွန်ရဲ့ မိသားစုဝင်တွေကတော့ ပိုင်တံခွန် တစ်ယောက်အိမ်ပြန်လာမယ့်နေ့ရက်တွေကို စောင့်မျှော်နေကြသလို ပိုင်တံခွန်ကလည်း အိမ်ပြန်လာမယ့်နေ့ရက်တွေကို ရေတွက်နေမယ်ဆိုတာ အသေအချာပါပဲ…။
Source: May Chit Thway’s fb
Credit