


Source – Shandra Shwe Si
Credit – CeleGabar

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်စရာကောင်းလှတဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သမီးလေး Shandra ကလည်း ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်နေခဲ့ပါတယ်။ ချစ်မွှေးပါတဲ့ကလေးလို့ပြောရလောက်အောင်ကို Shandra လေးက မြင်တဲ့သူတိုင်းချစ်ရတဲ့ကလေးလို့ဆိုရင်လည်း မမှားပါဘူးနော်…။

အမြဲလိုလို ချစ်စရာကောင်းနေတဲ့ Shandra လေးရဲ့ အပြုမူတိုင်းလိုလိုကို ပရိသတ်တွေကသဘောကျပြီး အချစ်ပိုနေခဲ့ရတာပါ။ ဒီနေ့မှာလည်း သူ့ရဲ့အရုပ်လေးကို ကလေးလုပ်ပြီး ကလေးထိန်းနေတဲ့ Shandra လေးကိုကြည့်ပြီး မေမေဖြစ်သူ ခင်လွှမ်းက အသဲတယားယားနဲ့ သဘောကျနေခဲ့ရပါသေးတယ်။ ခင်လွှမ်းကတော့ သမီးလေးကို ချစ်တဲ့ပရိသတ်တွေအတွက်လည်း ကလေးထိန်းနေတဲ့ Shandra လေးကို ဗီဒီယိုရိုက်ပြီး မျှဝေလာခဲ့ပါတယ်…။

ပရိသတ်တွေကတော့ Shandra လေး အရုပ်ကို ကလေးလုပ်ကာ ကလေးထိန်းနေတဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ချစ်ဖို့ကောင်းလွန်းလှတဲ့ Shandra လေးကို အချစ်ပိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးတွေထဲက Shandra လေးကိုချစ်တဲ့ ပရိသတ်တွေအတွက် Shandra လေးရဲ့ ဗီဒီယိုလေိးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်…။

Source – Shandra Shwe Si
Credit – CeleGabar