


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ ဟာသသရုပ်ဆောင် ဌက်ပျော်ကြော်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်နော်။ ဦးဌက်လို့အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် ဌက်ပျော်ကြော်ဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများတွင်သာမကဘဲအငြိမ့်ပွဲတွေမှာလည်း လူရွှင်တော်အဖြစ် ပါဝင်အားဖြည့်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်….။

ဦးဌက် ကတော့လက်ရှိမှာ မိသားစုစားဝတ်နေရေးပြေလည်အောင် နယ်မြို့တစ်မြို့တွင်စီးပွားရေးလုပ်ငန်းတစ်ခုသွားရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဇနီးဖြစ်သူကလည်း ရန်ကုန်မြို့တွင် တားရော့ဗေဒင်ဆရာမအဖြစ်လုပ်ကိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဌက်ပျော်ကြော်ဇနီးရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်…။

ဒါကတော့ မတွေ့ရတာ (၅)လကျော်ပြီကြာပြီဖြစ်သော ချစ်ခင်ပွန်းထံသို့ အလွန်ထူးခြားလွန်းတဲ့ မွေးနေ့လက်ဆောင်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ” မတွေ့ရတာ ၅ လကျော် ကြာပြီဖြစ်တဲ့ ယောကျာ်းဆီကို မွေးနေ့အကြို ကိုယ့်ရဲ့ လက်ဆောင်လေး ပို့ပေးလိုက်တယ် လက်ဆောင်ကို မမြင်သေးဘဲနဲ့ thanks you တဲ့ 😃 ပို့ပေးလိုက်တဲ့ လက်ဆောင်ကသင်္ကန်းတစ်စုံဆိုတာ သူ မသိသေးဘူး😝😝” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်…။

Credit