


Source: Nan Su Yati Soe
Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး နန်းဆုရတီစိုး ကတော့ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်လေးအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။ အသားလေးက ဖြူဖွေးနုနေတာကြောင့် ဂျပန်မလေးလို့တောင် ထင်မှတ်ရလောက်ပါတယ်နော်။ အဆိုတော် G Fatt နဲ့လမ်းခွဲပြီးမကြာခင်မှာပဲ ချစ်သူအသစ် ထပ်ရသွားခဲ့ပါတယ်။လက်ရှိမှာလည်း သူမရဲ့ချစ်သူလေးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူလျှောက်လှမ်းနေတာ ဖြစ်ပါတယ်…။

ချစ်သူလေးကလည်း နန်းဆုကိုလိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးနေတာကြောင့် ပရိသတ်တွေကပါဘေးကနေကြည့်ပြီး အားကျနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က နန်းဆုရဲ့ Instagram Story မှာ ပုံလေးနှစ်ပုံတင်ထားတာ ဖြစ်ပါတယ်။ဒါကတော့သိန်းပေါင်းရာချီတန်ဖိုးရှိသော လက်ကိုင်အိတ်နှစ်လုံးကို ချစ်သူထံမှလက်ဆောင်ရရှိခဲ့တဲ့အတွက်အတိုင်းထက်အလွန် ပျော်ရွှင်နေတာ ဖြစ်ပါတယ်…။

နန်းဆုရတီစိုး ဟာကမ္ဘာကျော်တံဆိပ်တွေ ဖြစ်တဲ့ “ Hermes “ နဲ့ “ Jimmy Choo” တို့မှ ထုတ်လုပ်တဲ့လက်ကိုင်အိတ်လေးတွေ ဖြစ်ပြီး ကာလပေါက်ဈေးအနေနဲ့ သိန်းရာချီရှိလောက်ပါတယ်။ လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးနေတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားလို့ နေ့ရက်တိုင်းပျော်ရွှင်နေတဲ့ နန်းဆုရတီစိုးအတွက်ပရိသတ်ကြီးလည်း ဝမ်းသာစကားလေးတွေ ရေးပေးခဲ့ကြပါအုံးနော်….။

Source: Nan Su Yati Soe
Credit