ခ်စ္လွစြာေသာပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသား ရဲတိုက္ကေတာ့ ယခု (၂၀၂၁) ခုႏွစ္မွာ နိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ အင္းစိန္အက်ဥ္းေထာင္သို႔ ေရာက္ရွိေနတာပဲျဖစ္ပါတယ္။ ရဲတိုက္ကိုခ်စ္တဲ့ ပရိသတ္ေတြနဲ႔ မိတ္ေဆြ သူငယ္ခ်င္းေတြကေတာ့ ရဲတိုက္အတြက္ စိတ္ပူေနၾကၿပီး ရဲတိုက္နဲ႔ ပက္သတ္တဲ့ သတင္းအစအနကို ေစာင့္ေမၽွာ္ေနၾကတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ရဲတိုက္က အင္းစိန္ေထာင္တြင္းအထူးတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးစဥ္ ေမ့ေျမာသတိလစ္သြားခဲ့တယ္ဆိုတဲ့သတင္း ေပၚထြက္လာခဲ့ပါတယ္…။

ရဲတိုက္ ကဒီကေန႔ ဒီဇင္ဘာလ (၁၅) ရက္ေန႔မွာ အင္းစိန္ေထာင္တြင္းအထူးတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးစဥ္ ေမ့ေျမာသြားခဲ့ၿပီး ရဲတိုက္လိုပဲ ပုဒ္မ ၅၀၅-က နဲ႔ တရားစြဲဆိုခံထားရတဲ့ ရန္ကုန္ေဆး႐ုံႀကီးက ပါေမာကၡဆရာဝန္ႀကီး ေဒါက္တာေမာ္ေမာ္ဦးက အေရးေပၚကုသေပးခဲ့တယ္လို႔ သိရပါတယ္….။

အဲဒီလို အေရးေပၚကုသေပးလိုက္နိုင္တဲ့ေနာက္မွာ ရဲတိုက္ကို ေထာင္အာဏာပိုင္ေတြက အင္းစိန္ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ၿပီး ဒီဇင္ဘာ ၁၅ ရက္ညေနပိုင္းမွာေတာ့ သူဟာ အင္းစိန္ေထာင္ကို ျပန္လည္ပို႔ေဆာင္ခံခဲ့ရတယ္လို႔ သူ႔ေရွ႕ေနအဖြဲ႕ကေျပာပါတယ္။ ပရိသတ္ႀကီးကလည္း ရဲတိုက္တစ္ေယာက္ ေနေကာင္းက်န္းမာၿပီး အျမန္ဆုံး အိမ္ျပန္နိုင္ဖို႔ ဝိုင္းဝန္းဆုေတာင္းေပးၾကပါဦးေနာ္…။

Source: BBC Burmese ‘s fb

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသား ရဲတိုက်ကတော့ ယခု (၂၀၂၁) ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အင်းစိန်အကျဉ်းထောင်သို့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ရဲတိုက်ကိုချစ်တဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကတော့ ရဲတိုက်အတွက် စိတ်ပူနေကြပြီး ရဲတိုက်နဲ့ ပက်သတ်တဲ့ သတင်းအစအနကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရဲတိုက်က အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် မေ့မြောသတိလစ်သွားခဲ့တယ်ဆိုတဲ့သတင်း ပေါ်ထွက်လာခဲ့ပါတယ်…။

ရဲတိုက် ကဒီကနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် မေ့မြောသွားခဲ့ပြီး ရဲတိုက်လိုပဲ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်ဆေးရုံကြီးက ပါမောက္ခဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသပေးခဲ့တယ်လို့ သိရပါတယ်….။

အဲဒီလို အရေးပေါ်ကုသပေးလိုက်နိုင်တဲ့နောက်မှာ ရဲတိုက်ကို ထောင်အာဏာပိုင်တွေက အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းမှာတော့ သူဟာ အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရတယ်လို့ သူ့ရှေ့နေအဖွဲ့ကပြောပါတယ်။ ပရိသတ်ကြီးကလည်း ရဲတိုက်တစ်ယောက် နေကောင်းကျန်းမာပြီး အမြန်ဆုံး အိမ်ပြန်နိုင်ဖို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်…။

Source: BBC Burmese ‘s fb