


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ Ah Boy နဲ့ မြတ်ရတနာကျော်တို့ကတော့ သာယာအေးချမ်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ဆောက်ရင်း သမီးတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။Ah Boy နဲ့ မြတ်ရတနာကျော်တို့ဟာ သမီးသုံးယောက်အပြင် ပြီးခဲ့တဲ့လပိုင်းကလည်း သားအငယ်ဆုံးလေး Jaden Phyo Tun ကို မွေးဖွားခဲ့တာပဲဖြစ်ပါတယ်….။

ဒီကနေ့မှာတော့ Ah Boy နဲ့ မြတ်ရတနာကျော်တို့က သားအငယ်ဆုံးလေး Jaden ရဲ့ ရက် (၁၀၀) ပြည့်မွေးနေ့အတွက် ကလေးအယောက် (၁၀၀) ကို ကျန်းမာရေးလက်ဆောင်ပေးမယ့် အစီအစဉ်ကို အခုလိုပဲပြောလာပါတယ်။“ဒီဇင်ဘာ၂၁ ရက်နေ့မှာ ကျရောက်မယ့် ကျွန်တော့်ရဲ့သား Jaden Phyo Tun ရဲ့ ရက် ၁၀၀ ပြည့်အတွက် ပန်းလှိုင်ဆေးရုံနဲ့ ပူပေါင်းပြီး မိမိရဲ့ မိဘ (သို့) ရင်သွေးငယ်များ (အယောက် ၁၀၀) ကို အခမဲ့ TeleHealth ဖြင့် စစ်ဆေးကြည့်ရှုပေးမယ့် မွေးနေ့အလှူလေးပါ။ 🙏🏻” ဆိုပြီး Ah Boy က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားအသိပေးလာတာပဲဖြစ်ပါတယ်…။

Ah Boy နဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံကတော့ သားအငယ်ဆုံးလေးရဲ့ မွေးနေ့အလှူအဖြစ် ကလေးအယောက် (၁၀၀) ကို ပန်းလှိုင်ဆေးရုံက တက်သိဆရာဝန်ကြီးတွေနဲ့ ဖုန်းကနေတဆင့် ပြသနိုင်မယ့် အစီအစဉ်ကောင်းတစ်ခုကို စီစဉ်ထားတာပဲဖြစ်ပါတယ်…။

Source: Our Travel Diaries’s fb
Credit