


Credit-CeleGabar

ချစ်လှစွာသောပရိသတ်ကြီးရေ စံထိပ်ထားဦး ကတော့အရွယ်ရောက်လာလေ လှသထက်လှလာတဲ့အနုပညာမျိုးဆက်သစ်လေးပါ။မင်းသမီးခိုင်သင်းကြည် ရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်ပြီး ပညာရေးကိုဦးစားပေး သင်ယူနေပေမယ့် ရရင်ရသလို အနုပညာအလုပ်တွေကိုလုပ်ကိုင် လျက်လည်းရှိပါတယ်နော်…။

စံထိပ်ထားဦးလေး ကိုချစ်တဲ့ပရိသတ်တွေက ချစ်စနိုးနဲ့လည်း ထိပ်ထိပ်လေးလို့ ခေါ်လေ့ရှိကြပါသေးတယ်။ဒါ့အပြင်ပရိသတ်တွေက ထိပ်ထိပ်လေးရဲ့ TikTokတွေကို အထူးအားပေးသဘောကျလျက်ရှိတာပါပဲနော်။ အခုနောက်ပိုင်းမှာလည်း ဂီတာတီးသင်ပြီး ပရိသတ်တွေကိုအချိန် ရရင်ရသလိုဆိုပြလေ့ရှိပါသေးတယ်…။

ဒီနေ့မှာလည်း”ဒီလိုအချိန်အခါမျိုးမှာမွန်းကျပ်မှုတွေခဏတာမေ့ပျောက်စေဖို့အတွက်ပါနော်💗“ဆိုတဲ့စာလေးနဲ့အတူ Song title – Traitor (by Olivia Rodrigo)သီချင်းလေးကို သူမကိုယ်တိုင်ဂစ်တာတီးပြီး သီဆိုထားတဲ့ဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တာ​ပါ။ ပရိသတ်တွေလည်း အဆိုကောင်းလွန်းတဲ့ ထိပ်ထိပ်လေးရဲ့ သီချင်းဗီဒီယိုဖိုင်လေးကိုနားဆင်ဖို့တင်ပေးလိုက်ပါတယ်…။

Credit-CeleGabar
Source- San HtateHtar Oo