


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုကတော့ လက်ရှိမှာ မိသားစုနဲ့အတူ အမေရိကားမှာ သွားရောက်နေထိုင်နေတာဖြစ်ပါတယ်။ စမိုင်းလ်ဟာ သမီးလေးနှစ်ယောက်ကို မွေးဖွားထားပြီး သမီးလေးတွေကလည်းလိမ္မာရေးခြားရှိလွန်းတာကြောင့် ပရိသတ်တွေကပါ ချစ်နေရတာဖြစ်ပါတယ်။ စမိုင်းလ် ကတော့ ပြည်ပနိုင်ငံသို့ မထွက်ခွာခင်ကတည်းက လူမှုကွန်ယက်ပေါ်ကနေ ပျောက်ကွယ်နေခဲ့တာ ကြာပါပြီ..။

သမီးလေးတွေရဲ့ အနာဂတ်ပိုမို တောက်ပဖို့အတွက် ပြည်ပနိုင်ငံသို့ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ သမီးကြီး ပေါ်ရှာကလည်း တဖြည်းဖြည်း အရွယ်ရောက်လာပြီဖြစ်တာကြောင့် အနုပညာလောကသို့ တစ်စစနဲ့ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ မိခင်ရဲ့ အနုပညာသွေးတွေ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာကြောင့် အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်..။

သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲလိုလို ဝေမျှပေးတတ်ပြီး မကြာသေးခင်က ပေါ်ရှာရဲ့ Tik Tok အကောင့်တွင်ဗီဒီယိုလေးတစ်ခု တင်ထားတာဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံခြားသူလေးလို့ ထင်မှတ်မှားရလောက်အောင် အမိုက်စားဖက်ရှင်တွေ တစ်မျိုးပြီးတစ်မျိုး ဝတ်ပြနေတဲ့ Smile သမီးကြီး ပေါ်ရှာရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ကဲပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် ပေါ်ရှာရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit