


Source: Phway Phways fb
Credit

ချစ်လှစွာသောပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ အနုပညာသက်တမ်း (၁၃) နှစ်ကျော်မှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ဆွတ်ခူးရရှိခဲ့ပြီပဲဖြစ်ပါတယ်။ ဖွေးဖွေးက လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး သူမရဲ့ခံယူချက်ကို ရဲရဲဝံ့ဝံ့ပြသခဲ့တာပဲဖြစ်ပါတယ်…။

ဒါပေမယ့် သူမကို စကစက ဝရမ်းထုတ်ချိန်မှာ အိမ်ကနေတိမ်းရှောင်နေရပြီး သူမအဝေးကိုရောက်နေချိန်မှာပဲ သူမရဲ့ဖခင်ကြီးကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ဖခင်နဲ့ ပက်သတ်ပြီး ခံစားချက်တွေ၊ ဝမ်းနည်းမှုတွေကို မကြာခဏဆိုသလို ရင်ဖွင့်လေ့ရှိတဲ့ ဖွေးဖွေးက ဒီကနေ့မှာလည်း သူမရဲ့ Fan Page က တင်ထားတဲ့ သူမနဲ့သူမဖေဖေရဲ့ ဗီဒီယိုလေးကို Share ပြီး

“I cry too much.. ၄ လတောာင်ပြည့်တော့မယ် အဖေ.. မေလကခဏလေးပြန်တွေ့ရတော့ အဖေချက်ကျွေးတဲ့ ကြာဆံချက်က နောက်ဆုံးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲနော်.. အရမ်းလွမ်းတယ်အဖေ” ဆိုပြီး ရင်ဖွင့်လာပါတယ်။ဖွေးဖွေးကတော့ အဖေ့ကို မမျှော်လင့်ပဲ ဆုံးရှုံးလိုက်ရတာမို့ သူမရဲ့ ဆုံးရှုံးမှုကအရမ်းကိုကြီးမားပြီး ဒီနေ့ဒီအချိန်ထိ စိတ်ထိခိုက်ကြေကွဲနေရဆဲဖြစ်ပါတယ်….။

Source: Phway Phways fb
Credit