


Source – Khine Hnin Wai
Credit – CeleGabar

ချစ်လှစွာသောပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခိုင်နှင်းဝေ တစ်ယောက်သူ့ရဲ့ဂေဟာမှာ ခေါ်ယူမွေးစားထားတဲ့ ကလေးတွေထဲက ခိုင်ထက်ဦးမောင် (ခ)အာကြီးကိုတော့ ပရိသတ်တွေပိုလို့သတိထားမိမယ်ထင်ပါတယ်။ ဘဝအကျိုးပေးကံမေ ကာင်းတာကြောင့် မေမေခိုင်နှင်းဝေ ကရောပရိသတ်တွေကပါ အာကြီးကို သနားချစ်နဲ့အချစ်ပိုနေကြရပါသေးတယ်….။

အာကြီးကလည်း အရွယ်နဲ့မလိုက်အောင်ချစ်ဖို့ကောင်းလွန်းလှပြီး မေမေခိုင်နှင်းဝေရော ပရိသတ်တွေပါအချစ်ပိုရလောက်အောင်လည်း ချွဲတတ်လွန်းလှပါတယ်။ ဒီနေ့မှာလည်း မေမေခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ကို မချီဘဲ တစ်ခြား တစ်ယောက်ကို ချီထားတာကြောင့် အာကြီးတစ်ယောက် မေမေခိုင်နှင်းဝေရဲ့အနားကို အတင်းကပ်ကာ ချွဲနေတဲ့ အာကြီးရဲ့ ချွဲပုံချွဲနည်းတွေကို သဘောကျနေခဲ့ပြီး ဗီဒီယိုလေးရိုက်ကာမျှဝေလာခဲ့ပါတယ်….။

အာကြီးကတော့ တကယ်ကိုပဲ မေမေခိုင်နှင်းတစ်ယောက် အချစ်တွေပိုလည်း ပိုရလောက်အောင်ကို ချွဲနေတာနော်။ ပရိသတ်ကြီးတွေကိုလည်း ချစ်စရာကောင်းလောက်အောင် မေမေခိုင်နှင်းဝေကို ချွဲနေတဲ့ အာကြီးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေဖော်ပြပေး လိုက်ပါတယ်နော်…။

Source – Khine Hnin Wai
Credit – CeleGabar