


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် မစ်ကီကတော့ ဂျာမနီနိုင်ငံသားဖြစ်ပေမယ့် မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူ တစ်ယောက်ဖြစ်တာကြောင့် မြန်မာဘာသားစကားကို တတ်မြောက်အောင် သေချာစနစ်တကျ လေ့လာသင်ကြားထားသူတစ်ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် နှစ်အတော်ကြာနေထိုင်ခဲ့ပြီး အာဏာသိမ်းတဲ့ ဖြစ်စဉ်ဖြစ်သွားပြီးနောက်မှာတော့ ချစ်သူလေးကိုခေါ်ပြီး သူ့ရဲ့နိုင်ငံသို့ ပြန်သွားခဲ့တာ ဖြစ်ပါတယ်…။

မကြာခင်မှာ သူတို့နှစ်ဦးရဲ့ ရင်သွေးလေးမွေးဖွားတော့မှာဖြစ်ကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးထားတာဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က စုစုဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝမ်းသာစရာသတင်းလေးတစ်ခု ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ အားလုံးသိချင်နေကြသော သူမရဲ့ ရင်သွေးဘာလေးဖြစ်မယ် ဆိုတာကို ultrasound ရိုက်ပြီးထွက်လာတဲ့ အဖြေအား ပြောပြလိုက်တာ ဖြစ်ပါတယ်….။

” ဒီနေ့တို့တွေ အောင်မြင်တယ်ဟေ့ 👏🏼👏🏼👏🏼နောက်ထပ်ဝမ်းသာစရာလေးကတော့ မတ်မတ်စုရဲ့ရင်သွေးလေးက သားသားလေးပါ ဒီနေ့တစ်နေကုန် ပျော်ရွှင်ရတဲ့နေ့လေပါ❤️❤️❤️” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း မစ်ကစ်တို့ဇနီးမောင်နှံရဲ့အပျော်တွေ ကူးစက်နိုင်စေဖို့ ဒီသတင်းလေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်…။

Credit