


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ ဒီနေ့ကတော့ သရုပ်ဆောင် ထားထက်ထက်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ထားထက်ထက်ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာနေရာကနေတာဝန်ထမ်းဆောင်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ကိုလည်း ချစ်ခင်ကြတဲ့ မိတ်ဆွေသူငယ်ချင်းများမှ လူမှုကွန်ယက်များတွင် ဆုတောင်းပေးနေကြတာကိုလည်း မြင်တွေ့ရပါတယ်…။

မကြာသေးခင် နာရီပိုင်းလောက်က ယဉ်လတ်ရဲ့ Facebook Story မှာ ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ လျှောက်လှမ်းတဲ့ လမ်းတွေမတူညီကြတော့ပေမယ့် အရမ်းချစ်ခဲ့ရတဲ့ ထားထက်ထက်ရဲ့မွေးနေ့ကိုတော့ မမေ့မလျော့ ဆုတောင်းပေးလာတာ ဖြစ်ပါတယ်။ ထားထက်ထက်နဲ့ ယဉ်လတ်တို့ဟာ တစ်ချိန်တုန်းကညီအစ်မအရင်းတွေလို အရမ်းချစ်ခဲ့ကြတာ ဖြစ်ပါတယ်…။

အခုချိန်မှာတော့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားခဲ့ကြပါပြီ။ ” Happy Birthday Ma Ma သတိရတာ​က ရတာပါပဲ ချစ်တာက ချစ်တာပါပဲ ” ဆိုပြီး ယဉ်လတ်မှ မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းလေးကို အခုပဲတင်ဆက်ပေးလိုက် ရပါတယ်နော်…။

Credit