


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် စိန်ဖြိုးလှိုင်တို့ ချစ်သူနှစ်ဦးဟာ မကြာခင်မှာ လက်ထပ်ပွဲလေး ကျင်းပကြတော့မှာဖြစ်ပါတယ်။ မင်္ဂလာမဆောင်ခင်မှာ အမှတ်တရအဖြစ် Pre-Wedding ပုံလေးတွေ စတင်ရိုက်ကူးနေကြပြီ ဖြစ်ပါတယ်။ စိန်ဖြိုးလှိုင်ဟာ မော်လမြိုင်သား ဖြစ်တဲ့အတွက် မွန်ပြည်နယ်မှာ အမှတ်တရ သွားရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်….။

မကြာသေးခင်က စိန်ဖြိုးလှိုင်တို့ရဲ့ Facebook Page မှာ ဓာတ်ပုံလေးတွေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါကတော့ မွန်ပြည်နယ်က အစားအသောက်တွေကို ထင်ဟပ်မြငိသာအောင် ရိုက်ထားတဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ Pre Wedding ဓာတ်ပုံလေးတွေ ဖြစ်ပါတယ်။ ဒီပုံတွေတက်လာပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံက စုံတွဲလေးရဲ့idea ကို ကူးချပြီး ရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေမှ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်….။

“ ရန်ကုန်သူအကြွားလေးနဲ့ မော်လမြိုင်သား အစားလေး တို့နှစ်ယောက်ပေါင်းပြီး မော်လမြိုင်မြို့ရဲ့ စားကောင်းသောက်ကောင်းတွေကို ကြွားလုံးထုတ် လိုက်တဲ့ Pre Wedding လေးပါ….” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ကဲ ပရိသတ်ကြီးလည်း စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ အကြိုမင်္ဂလာဆောင်ပုံရိပ်လေးကို အခုပဲ တင်ဆက်ပေး လိုက်ရပါတယ်နော်…။

Credit