


Source: SEIN PHYO & YI ‘s fb
Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့မောင်ဖြစ်သူ မောင်နဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူတို့ကတော့ အနုပညာအလုပ်တွေကို ရပ်နားပြီးချိန်မှ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ပြီး ဖူးစာဆုံလက်ထပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့က အခုဆိုရင် ချစ်သူသက်တမ်း (၈) နှစ်ကျော်တိုင်ရှိခဲ့ပြီဖြစ်ပြီး မကြာခင်အချိန် အတွင်းမှာလည်း လက်ထပ်ဖို့ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်…။

မကြာခင်အချိန်အတွင်းမှာ လက်ထပ်တော့မယ့် စုံတွဲပီပီ Pre Wedding ဓာတ်ပုံတွေကို ရိုက်ကူးနေပြီဖြစ်တဲ့ မောင်နဲ့ရီရီပွင့်ဖြူတို့စုံတွဲဟာ လက်ရှိမှာတော့ သူတို့နှစ်ဦးရဲ့ မော်လမြိုင်မြို့မှာရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဝေဖန်မှုကိုရရှိနေတာပဲဖြစ်ပါတယ်။ အကြောင်းကတော့ မောင်တို့ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံအိုင်ဒီယာတွေဟာ ထိုင်းနိုင်ငံက စုံတွဲတွေရိုက်ကူးခဲ့တဲ့ Pre Wedding ဓာတ်ပုံတွေနဲ့ တူညီနေတာကြောင့်ပဲဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး မောင်နဲ့ရီရီပွင့်ဖြူတို့က သူတို့နှစ်ယောက်ရဲ့ ရည်ရွယ်ချက်နဲ့ပက်သတ်ပြီး အခုလိုပဲပြောလာတာကို တွေ့ရပါတယ်….။

မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ သူများတွေရိုက်ထားတဲ့ Pre Wedding ဓာတ်ပုံတွေကို သဘောကျတာကြောင့် အဲ့ဒီပုံစံအတိုင်းရိုက်ကူးခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ခိုးချတယ်လို့ထင်လည်း တကယ်ကို ခိုးချခဲ့တာပါလို့ ပြောလာတာပဲဖြစ်ပါတယ်….။

Source: SEIN PHYO & YI ‘s fb
Credit