


Source: R Zar Ni
Credit ; Cele World

ချစ်လှစွာသောပရိသတ်ကြီးရေ အဆိုတော် အာဇာနည်လို့ဆိုလိုက်ရင်တော့အနုပညာလမ်းကြောင်းပေါ်မှာ ၁၀ နှစ်မကရပ်တည်လာခဲ့တဲ့သူဆိုရင်တော့ မသိသူမရှိလောက်ပါဘူးနော်.. အသံပါဝါကောင်းကောင်းနဲ့သီဆိုတတ်သူ ဖြစ်တာကြောင့် ပရိသတ်တွေက အားပေးကြမ်းနေကြတာ ဖြစ်ပါတယ်နော်.. အာဇာနည်ကတော့ သားလေး ၂ ယောက်နဲ့အတူ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတာကြောင့် သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်နော်…..။

အာဇာနည်ကတော့ မြန်မာပြည်ရဲ့လက်ရှိအခြေအနေမှာလည်း ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့သူဖြစ်တာကြောင့် မိသားစုကိုပါ လွတ်မြောက်နယ်မြေကို ခေါ်သွားခဲ့တာ ဖြစ်ပါတယ်နော်.. ဒီနေ့လေးမှတော့ R ဇာနည်က ”နောက်ဆုံးဖြစ်ရမယ် ”ဆိုတဲ့သီချင်းကို ဒီဇင်ဘာ (၁၀) ရက်နေ့ အသံတိတ်သပိတ် မှာ ဖြန့်ချီခဲ့ ပါတယ်…..။

ဒီတခေါက်မှာတော့ ”ပြန်လာမယ်မေမေ” ဆိုတဲ့သီချင်း ကို တော်လှန်ရေး အတွက်ပေးဆပ်ရင်း အိမ်နဲ့ဝေးနေကြတဲ့ သူရဲကောင်းအားလုံးအတွက် ခရစ္စမတ်အမှီ ခွန်အားပေးလိုက်ပါတယ်။ ” ဆိုပြီး စာသားလေးနဲ့အတူ သီချင်းကိုတင်ပေးလာခဲ့တာဖြစ်ပါတယ်နော်…. ပရိသတ်ကြီးလည်း R ဇာနည် တို့လို လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ သူတွေအားလုံးအတွက် ဆုတောင် းစကား‌လေး ရေးပေးခဲ့ပါအုံးနော်….။

Source: R Zar Ni
Credit ; Cele World