ခ်စ္လွစြာေသာပရိသတ္ႀကီးေရ ပရိသတ္ေတြက ခ်စ္စနိုးနဲ႔ ဝိုင္းစုလို႔ အဖ်ားဆြတ္ေခၚၾကတဲ့ ဝိုင္းစုခိုင္သိန္းကေတာ့ သ႐ုပ္ေဆာင္ေလာကမွာေရာ ဂီတေလာကမွာပါ ေအာင္ျမင္မႈရရွိေနသူတစ္ေယာက္ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေကာင္းသလို သီခ်င္းဆိုလည္းေတာ္တဲ့ ဝိုင္းစုခိုင္သိန္းက ေနာက္ပိုင္းမွာေတာ့ ဇာတ္ကားေတြ မရိုက္ျဖစ္ေတာ့ပဲ ဂီတဖက္ကိုသာပိုမိုအာ႐ုံစိုက္လုပ္ကိုင္ျဖစ္ေနတာပဲျဖစ္ပါတယ္….။

လတ္တေလာမွာေတာ့ နိုင္ငံေရးအေျခအေနေတြေၾကာင့္ အႏုပညာအလုပ္ေတြအားလုံးရပ္နားထားတဲ့ ဝိုင္းစုခိုင္သိန္းဟာ သူမကိုယ္တိုင္ကၽြမ္းကၽြမ္းက်င္က်င္ခ်က္ျပဳတ္တတ္တဲ့ ယိုးဒယားမုန႔္ဟင္းခါးကို စတင္ေရာင္းခ်ေတာ့မွာပဲျဖစ္ပါတယ္။ ဝိုင္းစုခိုင္သိန္းက မေရာင္းခ်ခင္မွာ သူမနဲ႔နီးစပ္တဲ့ အႏုပညာရွင္ေတြကို လက္ေဆာင္ ပို႔ေပးခဲ့ရာ အႏုပညာရွင္အားလုံးက ဝိုင္းစုရဲ့ ယိုးဒယားမုန႔္ဟင္းခါးလက္ရာက လက္ဖ်ားခါရေလာက္ေအာင္ေကာင္းတယ္လို႔ တညီတညြတ္တည္းဆိုၾကပါတယ္…။

ဝိုင္းစုခိုင္သိန္းရဲ့ ယိုးဒယားမုန႔္ဟင္းခါးလက္ရာဟာ စားဖူးသူတိုင္းႀကိဳက္ႏွစ္သက္ၾကတဲ့အျပင္ ေအာ္ဒါေတြကလည္း ဆက္တိုက္တက္ေနတယ္လို႔ ဝိုင္းစုရဲ့ေမေမကလည္းဆိုပါတယ္။ ဝိုင္းစုတစ္ေယာက္ အႏုပညာေလာကမွာေအာင္ျမင္မႈရရွိသလို အခုလည္း အမ်ားႀကီးေရာင္းရပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္….။

Source:K.K.K’s fb
Credit

ချစ်လှစွာသောပရိသတ်ကြီးရေ ပရိသတ်တွေက ချစ်စနိုးနဲ့ ဝိုင်းစုလို့ အဖျားဆွတ်ခေါ်ကြတဲ့ ဝိုင်းစုခိုင်သိန်းကတော့ သရုပ်ဆောင်လောကမှာရော ဂီတလောကမှာပါ အောင်မြင်မှုရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလည်းတော်တဲ့ ဝိုင်းစုခိုင်သိန်းက နောက်ပိုင်းမှာတော့ ဇာတ်ကားတွေ မရိုက်ဖြစ်တော့ပဲ ဂီတဖက်ကိုသာပိုမိုအာရုံစိုက်လုပ်ကိုင်ဖြစ်နေတာပဲဖြစ်ပါတယ်….။

လတ်တလောမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေအားလုံးရပ်နားထားတဲ့ ဝိုင်းစုခိုင်သိန်းဟာ သူမကိုယ်တိုင်ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်တတ်တဲ့ ယိုးဒယားမုန့်ဟင်းခါးကို စတင်ရောင်းချတော့မှာပဲဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းက မရောင်းချခင်မှာ သူမနဲ့နီးစပ်တဲ့ အနုပညာရှင်တွေကို လက်ဆောင် ပို့ပေးခဲ့ရာ အနုပညာရှင်အားလုံးက ဝိုင်းစုရဲ့ ယိုးဒယားမုန့်ဟင်းခါးလက်ရာက လက်ဖျားခါရလောက်အောင်ကောင်းတယ်လို့ တညီတညွတ်တည်းဆိုကြပါတယ်…။

ဝိုင်းစုခိုင်သိန်းရဲ့ ယိုးဒယားမုန့်ဟင်းခါးလက်ရာဟာ စားဖူးသူတိုင်းကြိုက်နှစ်သက်ကြတဲ့အပြင် အော်ဒါတွေကလည်း ဆက်တိုက်တက်နေတယ်လို့ ဝိုင်းစုရဲ့မေမေကလည်းဆိုပါတယ်။ ဝိုင်းစုတစ်ယောက် အနုပညာလောကမှာအောင်မြင်မှုရရှိသလို အခုလည်း အများကြီးရောင်းရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်….။

Source:K.K.K’s fb
Credit