


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သန္တာလှိုင် ကတော့သူမချစ်ရတဲ့ မိသားစုနဲ့အတူ ပြည်ပနိုင်ငံမှာ သာယာပျော်ရွှင်စွာ နေထိုင်လျက်ရှိနေပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ ကလေးနှစ်ယောက်နဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ အတူဖြတ်သန်းကုန်ဆုံးလျက် ရှိနေတာ ဖြစ်ပါ တယ်။ သူမတို့ မိသားစုဝင်များရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲလိုလိုမျှဝေပေးနေတာ ဖြစ်ပါတယ်….။

မကြာသေးခင်က သန္တာလှိုင်ရဲ့ Facebook Story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့အလုပ်ကနေ ပင်ပန်းပြီး ပြန်လာတဲ့ ချစ်မေမေ စားသောက်ဖို့အတွက် ညစာတွေ ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်နေတဲ့သန္တာလှိုင်သမီးလေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သန္တာလှိုင်ရဲ့ သမီးလေးကတော့ မေမေပြန်လာရင်စားဖို့ အရွက်သုပ်လေးတွေ ပြင်ဆင်ထားတာ ဖြစ်ပါတယ်…။

” အမေအလုပ်ကနေ အိမ်ပြန်လာရင် သမီးကြီးက အားကိုးနေရပြီ ” ဆိုပြီး သန္တာလှိုင်မှ ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သန္တာလှိုင်သမီးကြီးရဲ့ ဗီဒီယိုဖိုင်လေးကို အခုပဲ ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်…။

Credit