


Source: Smile’s fb
Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင်စမိုင်းလ် ကတော့အိမ်ထောင်ကျပြီး အမေရိကန်နိုင်ငံကို သွားရောက်ခဲ့ရာ သမီးနှစ်ယောက်မွေးဖွားပြီး မြန်မာပြည်ပြန်ရောက်လာချိန်မှာတော့ ငွေကြေးဥစ္စာအင်မတန်ချမ်းသာလာပြီး အလှူအတန်းတွေ ရက်ရက်ရောရောလုပ်ခဲ့သူဖြစ်ပါတယ်…။

လက်ရှိမြန်မာနိုင်ငံရေးမှာလည်း အစပိုင်းမှာ ပါဝင်ဆန္ဒပြပါဝင်ခဲ့သေးတဲ့ စမိုင်းလ်ဟာ ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံကိုထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံကိုရောက်ရှိသွားပြီးတဲ့နောက် ပရိသတ်တွေရဲ့ မျက်စိရှေ့ကနေ လုံးဝပျောက်ကွယ်သွားခဲ့တဲ့ စမိုင်းလ်ဟာ အလှူအတန် းတွေလည်းမလုပ်တော့သလို မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးလည်း Speak Out လုံးဝမလုပ်တော့တာပဲဖြစ်ပါတယ်…။

ပရိသတ်တွေရှေ့ကနေ လပေါင်းများစွာပျောက်ကွယ်သွားခဲ့တဲ့ စမိုင်းလ်ဟာ ဒီတစ်ခါမှာတော့ နိုင်ငံခြားက အလှပြင်ဆိုင်တစ်ဆိုင်မှာ အလှပြင်နေတဲ့ သူမရဲ့ပုံရိပ်တစ်ခုကို ချပြလာပါတယ်။စမိုင်းလ်ကတော့ တစ်နိုင်ငံလုံးဒုက္ခရောက်နေချိန် မိသားစုတစ်ခုလုံး နိုင်ငံခြားသွားပြီး ကိုယ်လွတ်ရုန်းခဲ့တဲ့အပြင် အခုလိုအလှပြင်မပျက်ရှိေ နတာပဲဖြစ်ပါတယ်…။

Source: Smile’s fb
Credit